မန္တလေး၊ ပုသိမ်ကြီးမြို့နယ်ရှိ မုန့်တီလုပ်ငန်း တစ်ခုတွင် မီးလောင်မှု ဖြစ်ပွား

0
17

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ရန်ကင်းအောင်ရပ်ရှိ မုန့်တီလုပ်ငန်း တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် အနီးဝန်းကျင်ရှိ ဒေသခံတို့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာ (၂၀)ရက်၊ နံနက် (၁၀)နာရီ (၇)မိနစ်အချိန်က ရန်ကင်းအောင်ရပ်ရှိ မုန့်တီလုပ်ငန်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းများ အနီးနားဝန်းကျင်ရှိ ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ပြီး နံနက် (၁၀)နာရီ (၉)မိနစ် အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာ (၁၈)ရက်၊ ည (၆)နာရီ (၃၅)မိနစ်အချိန်ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်၊ အကွက်အမှတ် H-၁၉၆၊ (၁၃၉)လမ်းနှင့် (၆၁) လမ်းကြားရှိ တိတ်စက်ရုံ တစ်ခုတွင် Level 2 အဆင့်ရှိ မီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီကျော် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ သတင်းများအရ သိရသည်။

အလားတူ စက်တင်ဘာ (၁၈)ရက်၊ နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်ကလည်း အမရပူရမြိုနယ်၊ တောင်ကိုင်းကျေးရွာတွင် အင်ဂျင်ဝိုင်သိုလှောင်ဆိုင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရသေးကြောင်း အမရပူရမြို့နယ်မီးသတ်စခန်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here