အမျိုးသမီး (၁) ဦးကို တရုတ်မယားအဖြစ် ရော-င်းစားသူကို လူကု-န်ကူးမှုဖြင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်

0
38

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီး (၁) ဦးကို တရုတ်မယားအဖြစ် ပို့ဆောင်ရော-င်းစားကာ ငွေကြေး အကျိုးအမြတ်ရယူခဲ့သူ အမျိုးသမီးကို လူကု-န်ကူးမှုဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နေ မချယ်ရီမင်းမင်း (ခ) ချယ်ရီနှင့် နန်းမားကျေးရွာနေ မကေသီစိုး (ခ) ချီချီ တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နေ မ—၊ (၁၈) နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ယောင်္ကျားယူရမည့် အလုပ်လုပ်ပါက ယွမ် (၁၅၀၀၀) ရရှိမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။

ထိုသို့ စည်းရုံးခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် မူဆယ်မြို့မ ရဲ စခန်း (ပ) ၉၇ / ၂၀၂၄၊ လူကု-န်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) / ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ (၁၈) ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ တရားခံ မကေသီစိုး (ခ) ချီချီကို လူကု-န်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here