စင်္ကာပူကြက်ခြေနီက ရေဘေးသင့်ပြည်သူများအတွက်ဒေါ်လာငါးသောင်းဖိုးကူညီမည်

0
17

စင်္ကာပူ၊စက်တင်ဘာ ၂၀

စင်္ကာပူကြက်ခြေနီအသင်းသည် တိုက်ဖွန်းယာဂီဘေးဒဏ်ခံရသော မြန်မာနိုင်ငံရှိရေဘေးသင့်ပြည်သူများကို စင်္ကာပူဒေါ်လာ ၅၀,၀၀၀ ( အမေရိကန်ဒေါ်လာ ၃၈,၇၅၀) ဖိုး ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ယာဂီမုန်တိုင်းနောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၂၉၃ ဦးထက်မနည်း‌ေ-သဆုံးခဲ့ပြီး စပါးခင်းများနှင့် အခြားကောက်ပဲသီးနှံ ၂၇၀,၀၀၀ ဟက်တာလည်း ရေကြီးနစ်မြုပ်ခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာများတွင်ဖော်ပြထားသည်။

တိုက်ဖွန်းအလွန်ကာလမြန်မာနိုင်ငံရှိပြည်သူ ၆၃၀,၀၀၀ ထက်မနည်းအတွက် အထောက်အကူပြုပစ္စည်းများလိုအပ်နိုင်သကဲ့သို့ အပျက်အစီးအဆုံးအရှုံးများပြားသည့်အတွက် နိုင်ငံခြားအကူအညီများကို တရားဝင်တောင်းဆိုထားကြောင်းသိရသည်။

စင်္ကာပူကြက်ခြေနီအသင်းသည် မြန်မာန်ိုင်ငံကြက်ခြေနီအသင်းနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ အစားအစာ၊ရေသန့်၊တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အခြားလိုအပ်နိုင်သည့်ထောက်ပံ့ရေးပစ္စည်းများကို ပြည်သူများထံပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

လတ်တလောအခြေအနေအရ သောက်သုံးရေသန့်ရှင်းမှုသည် အရေးအကြီးဆုံးဖြစ်နေသည့်အတွက် ရေစစ်များကိုလည်း လာမည့်အပတ်များတွင် ပေးပို့ထောက်ပံ့သွားမည်ဟု စင်္ကာပူကြက်ခြေနီအသင်းကပြောကြားခဲ့ပြီး လာအိုနှင့်ဗီယက်နမ်တို့ကိုလည်း အလားတူပင် စင်္ကာပူဒေါ်လာ ၅၀,၀၀၀ ဖိုးစီသီးသန့်ထောက်ပံ့သွားဦးမည်ဟုဆိုသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here