နေပြည်တော်၌ အဆင့်မြင့်အိမ်ယာစီမံကိန်း(၃)ခုဖော်ဆောင်မည်

0
28

နေပြည်တော်အတွင်း၌ အဆင့်မြင့်အိမ်ယာစီမံ ကိန်း(၃)ခုကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်၏ တင်ဒါကော်မတီထံမှ သိရသည်။

ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၏ အရှေ့ဘက်၊ သုခတော်ဝင်အိမ်ရာအနီးရှိ မြေဧ က(၃၀)ခန့်တွင် စီမံကိန်းနေရာ(၁)၊ ပျဉ်းမနား- တောင်ညိုလမ်း၏ အရှေ့ဘက်၊ DENKO စက်သုံးဆီအရောင်းဆိုင်အနီးရှိ မြေဧက(၃၀)ခန့်တွင် စီမံကိန်းနေရာ(၂)နှင့် ဓနသိဒ္ဓိရပ်ကွက်၊ တော်ဝင်သီရိလမ်း၏ အနောက်ဘက်၊ သံတမန်ဇုံအနီးရှိ မြေဧက(၃၀)ခန့်တွင် စီမံကိန်းနေရာ(၃)တို့အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆင့်မြင့်အိမ်ရာစီမံကိန်း(၃)ခု Lot (၃)ခုအား အလုံးစုံရင်းနှီးမြှုပ်နှံတည်ဆောက်ရန် Developer လုပ်ငန်းရှင်/ကုမ္ပဏီများအား စိတ် ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest(EOI)ဖြင့် တင်ဒါကော်မတီက ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Form အဆိုပြုလွှာပုံစံနှင့်စည်းကမ်းချက်များကို နေပြည်တော်စည်ပင်၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၌ စက်တင်ဘာ ၁၇ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိရာ စိတ်ပါဝင်စားသူများအနေဖြင့် ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူများပြ သ၍ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

ယင်း EOI Form များအား အောက်တိုဘာ ၄ ရက်ညနေ ၄ နာရီတွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ဖုန်း ၀၆၇ – ၈၁၀၈၂၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်သည်ဟု တင်ဒါကော်မတီက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here