Saturday, December 21, 2024

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန်...

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့်...

အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု(အေ)စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်

အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု (အေ)တွင် စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ယမန်နေ့က အုပ်စု(အေ)အဆင့်ပွဲစဉ်များ နောက်ဆုံးကစားပြီးချိန်တွင် စင်ကာပူအသင်းသည် ထိုင်းအသင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အရှေ့တီမောအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ကို...
HomeNewsLocal Newsရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရာတွင် အသုံးပြုနိုင်ရန်...

ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရာတွင် အသုံးပြုနိုင်ရန် ကမ္ဘောဇဘဏ်မှ အသက်ကယ်လှေ (၁၈)စီး လှူဒါန်း

ရေဘေးသင့်ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရန် ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ အင်ဂျင်ပါဝါ 13 HP ရှိ ကယ်ဆယ်ရေးသုံး ဖိုင်ဘာစက်လှေ (၁၈) စီး လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်ဖုန်းမုန်တိုင်းယာဂီကြောင့် စက်တင်ဘာ(၁၀) ရက်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘောဇဘဏ်အနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အ‌‌ရေးပေါ် အစီအစဉ်များ စနစ်တကျ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

အဆိုပါ ဆောင်ရွက်မှုများထဲမှ တစ်ခုအဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) သို့ ရေဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ရန် အင်ဂျင်ပါဝါ 13 HP ရှိ ကယ်ဆယ်ရေးသုံး ဖိုင်ဘာစက်လှေ (၁၈) စီးလှူဒါန်းခဲ့ပြီး ၎င်းစက်လှေများကို အရေးပေါ် ကယ်ဆယ်ရေး အတွက်လိုအပ်သော ဒေသများသို့ ကြက်ခြေနီအသင်းမှ ဦးဆောင်၍ အမြန်ဆုံး ပေးပို့သွားမည် ဖြစ်သည်။

ကမ္ဘောဇဘဏ်အနေဖြင့် ယခင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ခဲ့ရသော ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ မြို့နယ် (၁၅) မြို့တို့တွင် ကယ်ဆယ်ရေးလုပ်ဆောင်ရာ၌ အသုံးပြုနိုင်ရန်အတွက်လည်း ဖိုင်ဘာလှေ (၂၆) စီးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းခဲ့ပြီး ထိုဖိုင်ဘာလှေများကို ယခုလက်ရှိ ရေဘေးသင့်‌‌ဒေသများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) နှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေး ဖိုင်ဘာလှေ (၄၄) စီးဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်အတွက် အရေးပေါ် ကူညီရန် ဌာနများအဖြစ် သတ်မှတ်ထားသော ဘဏ်ခွဲပေါင်း (၁၀၀) မှ တဆင့် စက်တင်ဘာ(၁၀) ရက်မှ စတင်ကာ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ လယ်ဝေး၊ တာချီလိတ်အစရှိသည့် ရေဘေးဒဏ် ပြင်းထန်စွာခံစားရသည့် နေရာဒေသများသို့ ရိက္ခာနှင့် အဝတ်အထည်၊ အိမ်သုံးဆေးဝါးများ တင်ဆောင်ထားသည့် ကုန်တင်ကားကြီးများ ကမ္ဘောဇဘဏ် ဝန်ထမ်းများက ရပ်မိရပ်ဖများ၊ ဒေသခံ ပရဟိတအသင်းများနှင့် ပူး ပေါင်း၍ ရန်ကုန်မြို့မှ နေ့စဉ်ထွက်ခွာကူညီလျက်ရှိကြောင်း လည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန် ချက်လုပ်မည်

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့် ယန်း သန်း ၁၀၀(ဒေါ်လာ ၆၄၀၀၀၀) ကို ပြည်တွင်းအာကာသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယာမာဂူချီ စီရင်စုတွင် တည်ရှိသည့် အဆာဟိ ရှူဇိုကုမ္ပဏီက နိုင်ငံတကာ အာကာသစခန်းတွင် ဆာကေး အရက် ချက်ရာ၌ အသုံးပြုသည့် ဆန်နှင့် အခြားကုန်ကြမ်းများကို ကဇော်ဖောက်ရန် စီစဉ်နေသည်ဟု မကြာခင်က ပြောဆိုခဲ့သည်။ ယင်း...