ရေဘေးသင့် ဒေသများသို့ ဆေးဝါးလှူဒါန်းမည့် အလှူရှင်များကို အထူးကိစ္စရပ်အနေဖြင့် ရောင်းချပေးနေ

0
36

ရေဘေးသင့် ပြည်သူလူထုများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများကို နယ်မြေဒေသစုံမှ လှူဒါန်းသူများနှင့် အစိုးရဌာနများမှလှူဒါန်းမှုများအတွက် အထူးကိစ္စရပ်အနေဖြင့် ရောင်းချပေးလျက်ရှိကြောင်းစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ စက်မှုဝန်ကြီးဌာနသို့ မှာယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့် ပရိဘောဂများ ထုတ်လုပ်မှုအခြေအနေများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုလတ်တလော အခြေအနေတွင်ဖြစ်ပေါ်ခဲ့သည့် သဘာ‌ဝဘေးအန္တရာယ်များကြောင့် ရေဘေးသင့်ပြည်သူလူထုများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးများကို နယ်မြေဒေသစုံမှ လှူဒါန်းသူများနှင့် အစိုးရဌာနများမှ လှူဒါန်းမှုများအတွက် အထူးကိစ္စတစ်ရပ်အဖြစ် ရောင်းချပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ လူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ပေးနိုင်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

စက်မှုဝန်ကြီးဌာနမှ ပြည်သူများ လိုအပ်သည့်အခြေခံဆေးဝါးများကို တိုးမြှင့်ဝယ်ယူသွားမည်ဖြစ်သည့်အတွက် လိုအပ်သည့်ဆေးဝါး ကုန်ကြမ်းများကို ကြိုတင်ဝယ်ယူထားစေလိုကြောင်း၊ ယခင်မှာယူထားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကုသဆေးများ၊ ဓာတ်ဆားထုပ်များ၊ သွေးကြောသွင်းဆေးရည်များကို ဦးစားပေး ထုတ်လုပ်ပေးစေလိုကြောင်း ၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဆေးဝါးများစွာလိုအပ်သဖြင့် မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး ကဲ့သို့သော ရောဂါများကုသသည့် ဆေးဝါးများကို တိုးမြှင့်ထုတ်လုပ်စေလိုကြောင်းပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here