တရုတ်-ရုရှ နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်–ရုရှနိုင်ငံခြားရေးဝန်ကြီး

0
41
Russia's Foreign Minister Sergey Lavrov gives a press conference following his meeting with his Egyptian counterpart in Moscow, on September 16, 2024. (Photo by Alexander Zemlianichenko / POOL / AFP)

မော်စကိုနှင့် ပေကျင်း သည် စစ်ရေးမဟာမိတ် ဖွဲ့ရန် မလိုအပ်ကြောင်း၊
သမဂ္ဂ မဖွဲ့ဘဲ နှစ်နိုင်ငံစစ်တပ်များ သည် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က Sky News Arabia နှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

“ဘယ်အချိန်မှာ မဟာမိတ်ဖွဲ့မလဲလို့ ကျွန်တော်တို့ကို မကြာခဏမေးတယ်။စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန်လုပ်နေပါတယ်။ ဒါကြောင့် မဟာမိတ်ဖွဲ့ဖို့က မလိုဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။

“တပ်မတော် ၂ရပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ထိန်းကျောင်းခြင်း၊ ပူးပေါင်းလုပ်ဆောင်မှုများအတွက် စွမ်းရည်မြှင့်တင်ခြင်း၊ ပူးပေါင်းလေ့ကျင့်ခြင်းလုပ်နေပါတယ်။မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့လို စစ်ရေးသမဂ္ဂရှိစရာမလိုပါဘူး။လက်ရှိဆက်ဆံရေးဟာ ရုရှားနဲ့ တရုတ်နိုင်ငံကြားရှိ သမိုင်းတစ်လျှောက် အကောင်းဆုံးဆက်ဆံရေးပါပဲ”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

Ref: တပ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here