အမြန်လမ်းတွင် ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းသည့် အလှူကား(၁)စီး တိမ်းမှောက်မှု ထပ်မံဖြစ်ပွား

0
34

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ရေဘေးသင့် ဒေသသို့ သွားရောက်လှူဒါန်းသည့် ရေဘေးအလှူကား(၁)စီး တိမ်းမှောက်မှု ယနေ့ နံနက်ပိုင်းက ထပ်မံဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်ကို တွေ့ရှိသူများထံမှ သိရသည်။

ယနေ့ စက်တင်ဘာ (၂၁)ရက် နံနက်ပိုင်း အချိန်က ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ရေဘေးအလှူကား (၁)ဦးမှာ ကားတာယာပွင့်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

“အမြန်လမ်းး ကိုယ်တွေ ကားရှေ့မှာ ရေဘေးအလှူကား တာယာပွင့်ပြီး ကားမှောက်တာ”ဟု ဖြစ်စဉ်ကို တွေ့ရှိသူ ခရီးသွား တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကို အမြန်လမ်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအဖွဲ့များ အနီးနားဝန်းကျင်ရှိသူများက သွားရောက်ကူညီခဲ့ကြော င်း သိရသည်။

“ကိုယ့်ကားကျန်းမာရေး ဂရုစိုက်စစ်ဆေးပြီးမှ ထွက်ကြပါ။ တာယာ/အောက်ပိုင်း သေချာစစ်ပြီးမှ သွားသင့်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယာဉ်မှာ ပျက်စီးမှုတချို့ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ နိုင်ငံတစ်ဝန်းမှ အလှူရှင်များအနေဖြင့် ရေဘေးသင့်ဒေသများသို့ ပုံစံအမျိုးမျိုးဖြင့် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရေဘေး အလှူကား တိမ်းမှောက်မှု ဖြစ်စဉ်များတွင် ရမည်းသင်းမြို့နယ်တွင် တစ်ကြိမ်၊ ဖြူးမြိူ့နယ်တွင် တစ်ကြိမ်နှင့် တပ်ကုန်းမြို့ အနောက်ဘက် တောင်ပတ်လမ်းတွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုနှင့် အသက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here