မြန်မာပြည် အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အသိပေးလိုက်သည့် ထွန်းထွန်းမင်း

0
40

မြန်မာပြည် အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲကို မနက်ဖြန် စက်တင်ဘာ (၂၂)ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက အဆင်သင့်ဖြစ်နေပြီဟု ယနေ့တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာက တဆင့်အသိပေးထားသည်။

မြန်မာပြည် အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲအား ရိုးရာလက်ဝှေ့ကျော် နှစ်ဦးဖြစ်သည့် ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကာ ၊ ယနေ့တွင် ဆေးစစ်ဝိတ်ချိန်ခြင်းနှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားအား ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားပွဲတွင် ကျင်းပခဲ့ကြသည်။

အဆိုပါ ပွဲစဉ်အား MWLC က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၊ ရိုးရာလက်ဝှေ့ စည်းမျဉ်းသစ်အရ ပထမဆုံးအကြိမ် (၇)ချီအလဲထိုးစနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ယှဉ်ပြိုင်မည့်ပွဲစဉ်သည် မြန်မာပြည်အလွတ်တန်းချန်ပီယံသမိုင်းတစ်ကွေ့ ပွဲစဉ်တစ်ခုဖြစ်ပြီး၊ အလွတ်တန်းချန်ပီယံ ဂုဏ်ပုဒ်အား ရိုးရာဖိုက်တာတိုင်း လိုချင်ကြသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here