မဇ္စျိမဂုဏ်ရည်ဆရာတော်မှ ရေဘေးသင့်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်ထောင်စု(၆၀၀၀)ကျော် အတွက် လှူဒါန်းမှုများပြုလုပ်

0
33

မဇ္စျိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒမှ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့်ရေဘေးသင့်အိမ်ထောင်စု(၆၀၀၀)ကျော် အတွက်လိုအပ်သည့် အခြေခံစားသောက်ကုန်များနှင့်အဝတ်အထည်များကို ယနေ့ စက်တင်ဘာ ၂၁ ရက်ကလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့်ရေ ဘေးသင့်အိမ်ထောင်စု(၆၀၀၀)ကျော်အတွက် မဇ္စျိမဂုဏ်ရည်ဆရာတော်၏မတည်လှူဒါန်းငွေ၊ ပြည်တွင်း/ပြည်ပအလှူရှင်များ၏ လှူဒါန်းငွေ ကျပ်သိန်းပေါင်း(၆၀၀၀)ကျော်ဖြင့် လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မဇ္စျိမဂုဏ်ရည်ဆရာတော်နှင့်မဇ္ဈိမပရဟိတသာသနာပြုအဖွဲ့ကြီးက တောင်ငူ၊ နေပြည်တော်၊ လယ်ဝေး၊ တပ်ကုန်း၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်တို့တွင် ကြိုတင်စာရင်းကောက်ယူထားသည့် ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေတော်မူကြသည့် သံဃာတော်များအတွက် သင်္ကန်းများနှင့်အခြေခံစားသောက်ကုန်များ ရေဘေးသင့်အိမ်ထောင်စုဝင်များအတွက် အခြေခံစားသောက်ကုန်များနှင့်အဝတ်အထည်များကို လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here