စားအုန်းဆီကို အိမ်အရောက်ပို့စနစ်ဖြင့် တစ်လ (၃) ပိဿာရောင်းချပေးရာမှ (၂.၇၅) ပိဿာသာ ရောင်းချပေးတော့မည်ဟုဆို

0
30

စားအုန်းဆီ အိမ်တိုင်ရာရောက် ရောင်းချပေးရာတွင် တစ်အိမ်ထောင်(၃)ပိဿာရောင်းချပေးရာမှ (၂ ဒသမ ၇၅) ပိဿာ သာ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၄၄)မြို့နယ်မှ အိမ်ထောင်စုတစ်ခုလျှင် (၃)ပိဿာ ရောင်းချပေးခဲ့ရာမှ စက်တင်ဘာလ (၂၃) ရက်မှစတင်ပြီး ငါးလီတာဘူးဖြင့် (၂.၇၅) ပိဿာပြောင်းလဲရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စားအုန်းဆီရောင်းချပေးရာတွင် အပတ်စဉ်ထုတ်ပြန်ပေးနေသည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကိုအခြေခံ၍ တွက်ချက်ရောင်းချပေးခြင်းဖြစ်ပြီး ပို့ဆောင်ခကို ဝယ်ယူသူမှ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

စားအုန်းဆီဆက်သွယ်မှာယူချင်သူများအနေဖြင့် Call Center ဖုန်း ၀၁-၂၃၉၉၂၂၂ (လိုင်းခွဲ၇)သို့ ဆက်သွယ်မှာယူနိုင်သည့်အပြင် ကျောက်တံတားခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ အလုံခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ဒဂုံမြို့သစ်ခရိုင်၊ကမာရွတ်ခရိုင်များအတွက် 01-4706722လိုင်းခွဲ(၁၀)လိုင်း၊09-7710027 22လိုင်းခွဲ(၁၀)လိုင်း သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

ထို့ပြင် တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊မင်္ဂလာဒုံခရိုင်၊ မှော်ဘီခရိုင်၊ အင်းစိန်ခရိုင်၊သန်လျင်ခရိုင်၊ တွံ့တေးခရိုင်၊ မရမ်းကုန်းခရိုင်များအတွက် 01-4705566လိုင်းခွဲ(၁၅)လိုင်းနှင့် 09-940171222 လိုင်းခွဲ(၁၅)လိုင်းသို့ ဆက်သွယ်မှာယူနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here