ယူကရိန်းက ရုရှားလက်နက်တိုက်ကိုပစ်ခတ်၊ အရေးပေါ်အခြေအနေထုတ်ပြန်ထားရ

0
40

မော်စကို၊စက်တင်ဘာ ၂၂

ရုရှားနိုင်ငံအနောက်ပိုင်းနှင့်တောင်ပိုင်းရှိ မော်စကို၏လက်နက်တိုက်နှစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းကပြောကြားခဲ့ပြီး အဆိုပါနေရာများသည် ရုရှားတပ်ဖွဲ့များအတွက် အဓိကဖြစ်ကာ လက်နက်တိုက်ပေါက်ကွဲမှုအရှိန်ကြောင့် ဒေသခံများကိုပါ အရေးပေါ်ပြောင်းရွှေ့မိန့်ထုတ်ထားရသည်ဟုသိရသည်။

ယခုတိုက်ခိုက်မှုသည် ယူကရိန်းသမ္မတဇလန်းစကီး၏ အမေရိကခရီးစဉ်မတိုင်မီ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ယူကရိန်းက ၃၁ လတာကြာမြင့်ခဲ့ပြီဖြစ်သည့်စစ်ပွဲကို ပါးပါးနပ်နပ်အဆုံးသတ်နိုင်မည့် အစီအစဉ်ကို အမေရိကထံချပြမည်ဟုလည်းဆိုထားသည်။

ယူကရိန်းဘက်က ပစ်ခတ်တိုက်ခိုက်လိုက်သော လက်နက်တိုက်များနှစ်ခုအနက် တောင်ပိုင်းရှိလက်နက်တိုက်သည် ယူကရိန်းစစ်အတွက် ရုရှား၏လက်နက်များ အဓိကသိုလှောင်ထားရာနေရာများအနက် တစ်ခုအပါအဝင်လည်းဖြစ်သည်ဟုဆိုသည်။

ယင်းနောက် ရုရှားအနောက်ပိုင်းဒေသရှိ အခြားလက်နက်တိုက်တစ်ခုကိုလည်း ထပ်မံတိုက်ခိုက်ခဲ့သေးကာ မော်စကို၏သက်ဆိုင်ရာဒေသအာဏာပိုင်များက တိုက်ခိုက်ခံရသည်မှာမှန်သော်လည်း မည်သည့်နေရာကိုထိမှန်ခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

နိုင်ငံတောင်ပိုင်းရှိ လက်နက်တိုက်ပေါက်ကွဲမှုအရှိန်ကြောင့် အဆိုပါနေရာအနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူ ၁,၂၀၀ ခန့်အား ရွှေ့ပြောင်းအမိန့်ထုတ်ထားရကြောင်းလည်းသိရသည်။ယင်းနောက် လူဦးရေးငါးသောင်းနီးပါးရှိသည့် အဆိုပါမြို့တွင် အရေးပေါ်အခြေအနေကို ထုတ်ပြန်ထားသည်ဟုလည်း မော်စကိုတိုင်းမ်စ်သတင်းတစ်ရပ်အရသိရှိရသည်။

Source : သည်မော်စကိုတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here