ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဆီဘောက်ဆာ ယာဉ်မှ ၂၂ ဘီး ယာဉ်အား တိုက်မိရာ ဆီဘောက်ဆာ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ

0
26

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၉/၃)နှင့်(၇၉/၄)ကြားတွင် ဆီဘောက်ဆာ ယာဉ်မှ ရပ်ထားသော ၂၂ ဘီး ယာဉ်အား ဝင်ရောက်တိုက်မိရာ ဆီဘောက်ဆာ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ စက်တင်ဘာ (၂၂)ရက်၊ နံနက် (၁၀)နာရီ (၂၇)မိနစ် အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၉/၃)နှင့် (၇၉/၄)ကြားတွင် ၂၂ ဘီး ဆီဘောက်ဆာယာဉ်မှ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ၂၂ ဘီး ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ၂၂ ဘီး ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်းမှ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရွှေရဲနွယ်ပရဟိတအသင်းမှ ယာဉ်ဖြင့် ပြွန်တန်ဆာမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here