ဘေရွတ်သို့ပျံသန်းမည့် အီရန်လေကြောင်းလိုင်း လေယာဉ်များတွင် ပေဂျာနှင့် ဝေါ်ကီတော်ကီများ ယူဆောင်ခြင်းမပြုရ

0
25

တီဟီရန်နှင့် ဘေရွတ်ကြားရှိ လေကြောင်းပျံသန်းမှုခရီးစဉ်များတွင် ပေဂျာနှင့် ဝေါ်ကီတော်ကီ စကားပြောစက်များ ယူဆောင်ခြင်းမပြုရန် ခရီးသည်များအား အီရန်လေကြောင်းလိုင်းက တောင်းဆိုထားကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း PressTV က ဖော်ပြခဲ့သည်။

အဆိုပါ ကိရိယာများကို လေကြောင်းဖြင့် ပို့ဆောင်ခြင်းမပြုရန် လက်ဘနွန်အာဏာပိုင်များက တားမြစ်လိုက်ပြီးနောက် ယင်းအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၇ နှင့် ၁၈ ရက်များတွင် လက်ဘနွန်နိုင်ငံ၌ တစ်ကိုယ်ရည်သုံး ဆက်သွယ်ရေးစက်ငယ်များ ပေါက်ကွဲခဲ့သည်။ ပထမနေ့တွင် နိုင်ငံအနှံ့အပြား၌ ပေဂျာအမြောက်အများ တစ်ပြိုင်နက်ပေါက်ကွဲလုနီးပါးဖြစ်ပွားခဲ့သည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါဖြစ်စဉ်တွင် ကလေ-း ၂ ဦး အပါအဝင် လူ ၁၂ ဦး ‌ေ-သဆုံးခဲ့ပြီး ၂၈၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ နောက်တစ်နေ့တွင်၊ ရေဒီယိုများ၊ ဖုန်းများ၊ ဆိုလာပြားများနှင့် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများ အသုံးပြုသည့် တစ်ကိုယ်ရည်သုံး ဆက်သွယ်ရေးကိရိယာငယ်များ လက်ဘနွန်နိုင်ငံ အနှံ့အပြားတွင် ပေါက်ကွဲခဲ့ပြန်သည်။ အဆိုပါဖြစ်ရပ်ကြောင့် လူ ၂၅ ဦး ‌ေ-သဆုံးပြီး ၆၀၈ ဦး ဒဏ်ရာရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here