မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့ကို ထွန်းထွန်းမင်း ဆက်လက်ဆွတ်ခူးပြီး ကျော်စွာဝင်း၏ ရှုံးပွဲမရှိ စံချိန်ကျိုးပျက်

0
37

မြန်မာပြည်အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲကို ယနေ့ စက်တင်ဘာ (၂၂)ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်ရာ မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့ကို ထွန်းထွန်းမင်းက ဆက်လက် ဆွတ်ခူးပိုင်ဆိုင်ခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ထွန်းထွန်းမင်းအား ရှုံးနိမ့်ခဲ့သည့်အတွက် ကျော်စွာဝင်း၏ ရှုံးပွဲမရှိ စံချိန်မှာလည်း ကျိုးပျက်သွားပြီဖြစ်သည်။

ယနေ့ ပွဲစဉ်အတွင်း မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့အတွက် ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် ကျော်စွာဝင်းတို့ (၇)ချီ စိန်ခေါ်ထိုးသ-တ်ခဲ့ကြပြီး ထွန်းထွန်းမင်းက (၄)ချီမြောက်တွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပွဲစဉ်သည် မြန်မာနိုင်ငံ၏ အလွတ်တန်းချန်ပီယံဘွဲ့အတွက် စိန်ခေါ်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ စည်းမျည်းစည်းကမ်းအသစ် ပြဌာန်းချက်မူအတိုင်း (၇) ချီ အလဲထိုး အနားတောင်းစနစ်ဖြင့်ထိုးသ-တ်သွားခဲ့ကြခြင်းဖြစ်သည်။

ဒုတိယအချီတွင် ထွန်းထွန်းမင်း ခြေကန်ချက်ဖြင့် ကျော်စွာဝင်း လဲကျကာအနားတောင်းခဲ့ရပြီး‌နောက် ဆက်လက်ယှဉ်ပြိုင်ရာ လေးချီမြောက်တွင် ထွန်းထွန်းမင်း၏ အမြင့်ကန်ချက် ထပ်ထိကာ ကျော်စွာဝင်း ရှုံးနိမ့်ခဲ့ရသည်။

ယနေ့ပွဲစဉ်အတွင်း တွဲဆိုင်း(၆)ဆိုင်းပါဝင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်ပြီး၊ ဒု ခေါင်တွဲဆိုင်း၌ ရွှေရာမာန် နှင့် အောင်ခိုင် တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ ပူးတွဲသရေ ရရှိခဲ့သည်။

အလားတူ ပထမတွဲဆိုင်းတွင် အောင်ထက်ကျော်နှင့် အောင်ကိုလတ်တို့က ပူးတွဲသရေ၊ ဒုတိယတွဲဆိုင်းတွင် ဆလိုင်းထန်ကွီးရှိန်နှင့် မောင်ဇော်တို့က ပူးတွဲသရေ၊ တတိယတွဲဆိုင်းတွင် စောဘဟိန်း နှင့် မြလုံးချော ပူးတွဲသရေ၊ စတုတ္ထတွဲဆိုင်းတွင် စူပါရေချမ်း နှင့် စိန်လုံးချော တို့လည်း အသီးသီးပူးတွဲသရေများရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here