အီရန်၌ မိုင်းတွင်းပေါက်ကွဲ၍ အလုပ်သမား‌ ၃၀ ‌ေ-သဆုံး

0
20
A handout picture provided by the Iranian Red Crescent (RCS) shows Red Crescent ambulances at the scene of a blast at a coal mine in Tabas in Iran's Khorasan province on September 22, 2024. - The blast caused by a gas leak at the coal mine in eastern Iran has killed at least 30 people, state media said on September 22, with more than 20 others reported missing. (Photo by Iranian Red Crescent / AFP)

တေရန်၊စက်တင်ဘာ ၂၂

အီရန်နိုင်ငံအရှေ့ပိုင်းရှိ ကျောက်မီးသွေးတွင်းတစ်ခု၌ မီသိန်းဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာလူ ၃၀ ထက်မနည်း‌ေ-သဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ထပ်မံ၍လည်း မိုင်းလုပ်သား ၂၄ ဦးခန့် အထဲမှာပိတ်မိနေနိုင်သည်ဟုသိရသည်။

စနေနေ့နှောင်းပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက အဆိုပါဒေသသို့ အရေးပေါ် ဝန်ထမ်းများ စေလွှတ်ထားကြောင်းသိရပြီးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် လူ ၇၀ ဝန်းကျင်ခန့် ထိုနေရာတွင် အလုပ်လုပ်နေခဲ့သည်ဟုလည်းဆိုသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန်အတွက် နူးယော့ခ်သို့သွားရန်ပြင်ဆင်နေသည့် အီရန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသမ္မတသစ် Masoud Pezeshkian ကမူ ပိတ်မိနေသူများအား ကယ်ဆယ်ဖို့နှင့် နစ်နာသူဝန်ထမ်းများ၏မိသားစုများကိုပါ ကူညီရန်ညွှန်ကြားထားသည်ဟုသိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ကို စတင်နေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Source -အေပီ

A handout picture provided by the Iranian Red Crescent (RCS) shows security forces gathered at the scene of a blast at a coal mine in Tabas in Iran’s Khorasan province on September 22, 2024. – The blast caused by a gas leak at the coal mine in eastern Iran has killed at least 30 people, state media said on September 22, with more than 20 others reported missing. (Photo by Iranian Red Crescent / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here