အိန္ဒိယကြည်း၊ရေ၊လေတပ်မတော်ကို အပတ်စဉ်တူများ ပူးပေါင်းဦးဆောင်မည်

0
32

အဲမာရှယ်အာမာပရတ်ဆင့်ထ်ကို အိန္ဒိယ၏လေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်သဖြင့် အပတ်စဉ်တူသူငယ်ချင်းများသည် ယခုအခါ အိန္ဒိယ၏ ကြည်းတပ်၊ရေတပ်နှင့်လေတပ်သုံးခုလုံးကို အသီးသီးဦးဆောင်ကြတော့မည်ဖြစ်ကြောင်းသိရသည်။

ယင်းသို့ခန့်အပ်ခဲ့သဖြင့် ကြည်းတပ်၊ရေတပ်နှင့်လေတပ် အင်အားစုသုံးဖွဲ့လုံးသည် ပြီးခဲ့သည့်ငါးလအတွင်း ခေါင်းဆောင်မှုအပြောင်းအလဲကို မြင်တွေ့ရသည်ဟုလည်းသိရသည်။

အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပန်ဒရာဒဗာဗဒီနှင့် အဲမာရှယ်အာမာပရတ်ဆင့်ထ်တို့သည် အိန္ဒိယ အမျိုးသားကာကွယ်ရေးအကယ်ဒမီအပတ်စဉ် ၆၅ ၏အပတ်စဥ်တူသင်တန်းဖော်များဖြစ်ကြပြီး ၁၉၈၃ ခုနှစ်တွင်ကျောင်းဆင်းခဲ့ကြသူများဖြစ်သည်။

အလားတူပင် ကြည်းတပ်ဗိုလ်ချုပ်ကြီး ဒဗာဗဒီနှင့် အိန္ဒိယရေတပ်အကြီးအကဲဗိုလ်ချုပ်ကြီး ဒိုင်းနစ်ရှ်ကေထရီပသီတို့သည်လည်း မက်ဒ်ရာပရာဒက်ရှ်ရှိ ဆိုင်းနစ်ခ် ကျောင်းမှအတန်းဖော်များဖြစ်ကြသည်ဟုဆိုသည်။

ရေတပ်ဗိုလ်ချုပ်ကြီး ထရီပသီသည် ယခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ရေတပ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်ကြီး ဒဗာဗဒီက ဇူလိုင် ၃၁ ရက်တွင် တာဝန်လွှဲပြောင်းရယူခဲ့ခြင်းလည်းဖြစ်သည်။

ယင်းနောက် ထပ်မံထုတ်ပြန်သည့် လေချုပ်အဖြစ်ခန့်အပ်ရန် ထုတ်ပြန်ချက်အမိန့်အရ အဲမာရှယ်အာမာပရတ်ဆင့်ထ်သည် စက်တင်ဘာ ၃၀ ရက်တွင် ရာထူးတာဝန်ရယူမည်ဖြစ်သည်။

အမျိုးသားကာကွယ်ရေးအကယ်ဒမီ၌ သင်တန်းသားဘဝကတည်းက ခိုင်မာသောဆက်ဆံရေးရှိသောကြောင့် ဗိုလ်ချုပ်ကြီးဒဗာဗဒီ၊ရေတပ်ဗိုလ်ချုပ်ကြီး ထရီပသီနှင့် အဲမာရှယ်အာမာပရတ်ဆင့်ထ်တို့က မိတ်ဆွေသူငယ်ချင်းများဖြစ်ကြသည်ဟူသောအချက်သည် ကြည်း၊ရေ၊‌လေ တပ်မတော်သုံးခုကြား ပေါင်းစပ်ညှိနှိုင်းမှုတိုးမြှင့်ရာ၌လည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။

Source : သည်အီကိုနောမစ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here