လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို ကြီးမားသော တိုက်ခိုက်မှုများ အစ္စရေးပြုလုပ်

0
31

လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို ကြီးမားသော တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း အစ္စရေးကာကွယ်ရေးတပ်(IDF)က သတင်းထုတ်ပြန်သည်။ အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်များအတွင်းက ရှီးယိုက် ဟစ်ဇ်ဘိုလာ တပ်ဖွဲ့များသည် အစ္စရေး ရာမတ်ဒေးဗစ် လေတပ်စခန်းကို ပထမဆုံး ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးတို့၏ ဂျက်ဇ်ရီးလ် ချိုင့်ဝှမ်းဆီသို့ စုစုပေါင်း ဒုံးကျည် ၁၀ ခုခန့် ပစ်လွှတ်ခဲ့ကြောင်း သိရသော်လည်း အများစုကို အစ္စရေးလေတပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားခဲ့သည်။

ထို့နောက် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များသည် အစ္စရေးတို့၏ ရာမတ်ဒေးဗစ် လေတပ်စခန်းကို ဒုတိယအကြိမ် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သူတို့၏ တယ်လီဂရမ်ချယ်နယ်တွင် ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၁၇ နှင့် ၁၈ ရက်များက လက်ဘနွန်နိုင်ငံ၌ တစ်ကိုယ်ရည်သုံး ဆက်သွယ်ရေးစက်ငယ်များ ပေါက်ကွဲခဲ့ခြင်းမှာလည်း အစ္စရေးတို့လက်ချက်ဟု လက်ဘနွန်တာဝန်ရှိသူများက စွပ်စွဲပြောဆိုခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here