ONE Friday Fights 81 ပွဲစဥ်အတွက် ထိုင်းနိုင်ငံတွင် လေ့ကျင့်ပြင်ဆင်နေပြီဖြစ်သည့်
စိုးလင်းဦးနှင့်သန့်ဇင်

0
13

ONE က ကျင်းပြုလုပ်မည့် ONE Friday Fights 81 ပွဲစဥ်အတွက် ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးနှင့် သန့်ဇင် (ရှောင်လေး)တို့ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ယခုလ စက်တင်ဘာ (၂၇)ရက်တွင် ပြုလုပ်မည့် ONE Friday Fights 81 ပွဲစဉ်အတွင်း သံမဏိစိုးလင်းဦးမှာ မွေထိုင်း ဖိုက်တာ နဘီးလ်နှင့် ယှဉ်ပြိုင်ထိုးသ-တ်ရမည်ဖြစ်သလို ၊ သန့်ဇင် သည်လည်း ကစ်ဘောက်ဆင် ချန်ပီယံ ဂျပန်နိုင်ငံသား တာကဲရုနှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားကြရမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်အတွင်း သမိုင်းသစ် တစ်ခုကို ပရိတ်သတ်နှင့်အတူ ရေးထိုးသွားမည်ဟု ရိုးရာဖိုက်တာ သန့်စင်(ရှောင်လေး)က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားမျှဝေထားသည်။

ယခု ကျင်းပပြုလုပ်မည့် ONE Friday Fights 81 ပွဲစဉ်အတွင်း တွဲဆိုင်း (၁၂) ဆိုင်း ပါဝင်သည်ကို တွေ့ရသည်။

ယခုလ စက်တင်ဘာ (၂၀)ရက်တွင် ONE က ပြုလုပ်မည့် ONE Friday Fights-80 ပွဲစဉ်အတွင်း သွေးသစ်ဝင်းလှိုင် နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံသား Mavlolbek Kakhkaorov တို့ ယှဉ် ပြိုင်ထိုးသ-တ်ခဲ့ရာ သွေးသစ်ဝင်းလှိုင် ရှုံးနိမ့်ခဲ့ရသည်။

ယနေ့တွင် စိုးလင်းဦးနှင့် သန့်ဇင်တို့ လေ့ကျင့်နေသည့်‌ လက်ဝှေ့ရုံသို့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက သွားရောက်နှုတ်ဆက်ခဲ့သည်ကိုလည်း တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here