သံဃနာယကအဖွဲ့ဆရာတော်များဦးဆောင်၍ ကျောက်ဆည်မြို့နယ်မှ ရေဘေးသင့်သူများကို သွားရောက်လှူဒါန်းမည်

0
16

မန္တလေးတိုင်းအတွင်း၌ ပြီးခဲ့သည့်ရက်ပိုင်းအ တွင်းက မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်း ထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများမြင့်တက်ခဲ့သဖြင့် မြို့နယ်အများစု၌ ရေဝင်ရောက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သဖြင့် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ သံဃနာယကအဖွဲ့ဆရာတော်များဦးဆောင်သည့် “ရေဘေးဒုက္ခ ကူညီရေးအဖွဲ့ “မှ တတိယအကြိမ်မြောက်အဖြစ် ကျောက်ဆည်မြို့နယ်အတွင်း ကျေးရွာများမှရေဘေးဒုက္ခကြုံ တွေ့ခဲ့ရသူများကို မနက်ဖြန် စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေဘေးဒုက္ခကြုံတွေ့နေရသူများအား ငွေကျပ်သိန(၅၀)ကျော်၊ အဝတ်အစားမျိုးစုံအထုတ်ပေါင်း(၁၀၀)ကျော်၊ ဓာတ်ဆားထုတ်များနှင့်ဆေးဝါးအထုတ်ပေါင်း(၅၀)ကျော်တို့ကို ထောက် ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် “ရေဘေးဒုက္ခ ကူညီရေးအဖွဲ့”နှင့်အတူ မန္တလေးမြို့၏ Tik Took Cece အဖွဲ့မှလည်း ရေဘေးသင့်အိမ်ထောင်စု(၁၀၀)ကျော်အတွက် ထမင်းထုတ်များကို ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ရေဘေးဒုက္ခ ကူညီရေးအဖွဲ့”သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသော ကူမဲမြို့၊ မြစ်သားမြို့နယ်တို့အတွင်းရှိ ရေဘေးသင့်သူများအား ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here