တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ တရုတ်ဒုဝန်ကြီးချုပ်တက်ရောက်မည်

0
15
China's Vice Premier Ding Xuexiang attends a press conference by China's Premier Li Qiang after the closing session of the National People's Congress (NPC) at the Great Hall of the People in Beijing on March 13, 2023. (Photo by GREG BAKER / AFP)

ပေကျင်း၊စက်တင်ဘာ ၂၃

၂၁ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားနှင့် တရုတ် – အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရို၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်ဖြစ်သကဲ့သို့ တရုတ်ဒုတိယဝန်ကြီးလည်းဖြစ်သည့် မစ္စတာ ဒင်ရွှေးယန် တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းသိရသည်။

ယခုပွဲအား တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်းမြို့၌ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာ လီဂျင်ကပြောကြားခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနား၌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ဗီဒီယိုမိန့်ခွန်းပြောကြားမည်ဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဖြစ်သကဲ့သို့ ဝန်ကြီးများကောင်စီရုံးတာဝန်ခံ ဝန်ကြီး မစ္စတာ Vongsey Vissoth အပါအဝင် အခြားအရာရှိများပါတက်ရောက်မည်ဟုသိရသည်။

ထို့အပြင် လာအိုဒုဝန်ကြီးချုပ် Kikeo Khaykhamphithoune ၊ ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်ဖြစ်သကဲ့သို့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် မစ္စတာ Ho Duc Phoc တို့အပြင် အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn တို့ပါတက်ရောက်မည်ဖြစ်ကြောင်းလည်း မစ္စတာလီကဆက်လက်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here