အစ္စရေးရှိ နိုင်ငံသားများချက်ချင်းထွက်ခွာရန် တရုတ်တိုက်တွန်း

0
24
Smoke billows from a site targeted by Israeli shelling in the southern Lebanese village of Zaita on September 23, 2024. - The Israeli military on September 23 told people in Lebanon to move away from Hezbollah targets and vowed to carry out more "extensive and precise" strikes against the Iran-backed group. (Photo by Mahmoud ZAYYAT / AFP)

ပေကျင်း၊စက်တင်ဘာ ၂၃

အစ္စရေး နှင့် အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာတို့အကြား တင်းမာမှုများမြင့်တက်လာပြီး စစ်ရေးအခြေအနေမြင့်လာေသာကြောင့် အစ္စရေးရှိ မိမိတို့၏နိုင်ငံသားများကို ချက်ချင်းထွက်ခွာရန် တရုတ်ကညွှန်ကြားချက်ထုတ်ပြန်လိုက်‌ကြောင်းသိရသည်။

“လက်ရှိမှာ အစ္စရေး – လက်ဘနွန် နယ်စပ်တလျှောက် အခြေအနေဟာ အလွန်တင်းမာနေပြီး စစ်ရေးပဋိပက္ခတွေ မကြာခဏဖြစ်နေပါတယ်” ဟု အစ္စရေးနိုင်ငံရှိ တရုတ်သံရုံးက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အစ္စရေးရဲ့ လက်ရှိ လုံခြုံရေးအခြေအနေဟာ ပြင်းထန်ရှုပ်ထွေးပြီး ဘာကိုမှမှန်းဆထားလို့မရပါဘူး” ဟုလည်း ၎င်းတို့၏ထုတ်ပြန်ချက်တွင်ပါရှိပြီး အစ္စရေးရှိ တရုတ်နိုင်ငံသားများအနေဖြင့် နေရပ်ပြန်ရန် သို့မဟုတ် အခြားဘေးကင်းရာနေရာများသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ရန်လည်း သံရုံးကတိုက်တွန်းထားသည်။

အစ္စရေးနှင့်ဟစ်ဇ်ဘိုလာတို့သည် စစ်ဖြစ်နိုင်သည့်အခြေအနေကို ရှောင်ရှားရန် နိုင်ငံတကာ၏တောင်းဆိုမှုများကြားမှပင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများကို အရှိန်မြှင့်မည်ဟု တနင်္ဂနွေနေ့က ခြိမ်းခြောက်‌ပြောကြားခဲ့ကြသည်။

ဘေရွတ်မြို့တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ အမာခံနယ်မြေတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုတစ်ခု သောကြာနေ့ကပြုလုပ်ခဲ့ရာ ဟစ်ဇ်ဘိုလာ၏ လက်ရွေးစင် Radwan တပ်ဖွဲ့ခေါင်းဆောင် Ibrahim Aqil ‌ေ-သဆုံးခဲ့ရသည်။

ယင်းမတိုင်မီကလည်း လက်ဘနွန်နိုင်ငံတစ်ခွင်၌ ပေဂျာပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူ ၃၉ ဦး ‌ေ-သဆုံးကာ ၃,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ခြင်းကို အစ္စရေး က လုပ်သည်ဟု အပြစ်တင်ပြီးနောက် ယခု ကဲ့သို့တင်းမာလာခြင်းဖြစ်သည်။

ပြီးခဲ့သည့်လကလည်း လက်ဘနွန်သို့အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းစစ်သွေးကြွခေါင်းဆောင်တစ်ဦး‌ေ-သဆုံးခဲ့ပြီးနောက် တရုတ်နိုင်ငံက လက်ဘနွန်ရှိ မိမိတို့နိုင်ငံသားများ အမြန်ထွက်ခွာကြရန်လည်းကြေငြာချက်ထုတ်ပြန်ခဲ့သေးသည်။

Source : အေအက်ဖ်ပီ/အင်န်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here