အောင်မြေသာစံမြို့နယ်ရှိ ၂ ထပ် အဆောက်အဦအဟောင်း ပြိုကျမှုဖြစ်ပွားရာ (၅) ဦး ဒဏ်ရာရပြီး၊ (၂)ဦးမှာ စိုးရိမ်ရ

0
25

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း ၂၀ ၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားတွင် ၂ ထပ် အဆောက်အဦပြိုကျမှုဖြစ်ပွားရာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် (၂၄) ရက်၊ နံနက် အစောပိုင်း (၂)နာရီ (၅)မိနစ်အချိန်ခန့်က ၎င်းနေရာရှိ ၂ ထပ် အဆောက်အဦ အဟောင်း ပြိုကျမှုဖြစ်ပွားကြောင်း သတင်းအရ အောင်‌မြေသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အိပ်မောကျနေတဲ့ အချိန်ကြီး ပြိုကျတာ။ အဆောက်အဦက နှစ်ပေါင်းများစွာ ကြာပြီလေ။ အဲ့မှာ နေထိုင်တဲ့ မိသားစု အိမ်ထောင်စုတွေကလည်း အများကြီး အားလုံး ဘေးကင်းကြပါစေ။”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း(၅)ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာနှင့် အမျိုးသား (၁)ဦး၊ အမျိုးသမီးငယ် (၁)ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ ၎င်းတို့အား စေတနာ မေတ္တာ ဂရုဏာအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ ချမ်းသာသုခအသင်းမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here