မန္တလေးတိုင်း မြို့နယ်(၄)မြို့နယ်ရှိ အိမ်ခြေ(၁၀၀)အတွက် ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်နိုင်ရန် ယင်လုံ အိမ်သာသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းမည်

0
16

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်နှင့် စဉ်ကူးမြို့နယ် ကျေးရွာများအတွင်းရှိအိမ်ခြေ (၁၀၀)အတွက် ဝမ်းပျက်ဝမ်းလျောရောဂါများ ကာကွယ်နိုင်ရန် ယင်လုံ အိမ်သာသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း လှိုင်းမေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကာလ ကျန်းမာရေးနှင့်ပတ်သက်၍ နောက်ဆက်တွဲ ဝမ်း‌ပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရန် လုပ်ဆောင်ပေးသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအခန်းကဏ္ဍအတွက် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်‌ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ယင်လုံအိမ်သာ အလုံးလိုက်တည်ဆောက်ပေးရန် ဆန္ဒရှိသော်လည်း ရရှိသည့် အလှူငွေပေါ်မူတည်၍ အိမ်သာသုံး သန့်ရှင်းရေးပစ္စည်းများကိုသာ အဓိက ထောက်ပံ့ကူညီနိုင်ဖွယ်ရှိကြောင်း သိရသည်။

” အိမ်သာတစ်လုံးက ငါးသိန်းလောက်ကုန်ကျမှာဆိုတော့ ရရှိတဲ့ အလှူငွေပေါ်မူတည်ပြီး ယင်လုံအိမ်သာဆောက်ရင် လိုအပ်တဲ့ အထိုင်ခွက်တို့ ရေဆင်းပိုက်၊ ရေပုံးရေခွက် ၊ သန့်ရှင်းရေးပစ္စည်း အစုံ လှူဒါန်းသွားမှာပါ။ ဒီရက်ပိုင်းအတွင်း လှူဒါန်းဖို့ရှိပါတယ်။ ကျေးရွာတွေမှာက ယင်လုံအိမ်သာတွေမျောပါသွားတာ ရေဝင်ပျက်စီးသွားတာတွေ ရှိနေတာကြောင့်ပါ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်အထိ ၎င်းတို့အနေဖြင့် ရေဘေးသင့်ပြည်သူများအား ကဏ္ဍ (၃)ရပ် ခွဲ၍ ကူညီဆောင်ရွက်ခဲ့ကြပြီး၊ ရေ ကြီးရေလျှံမဖြစ်ပွားခင် အသိပေးနှိုးဆော်ခြင်း၊ ကယ်ဆယ်ရေးနှင့် စား နပ်ရိက္ခာ ထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆက်တိုက် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here