အပြောင်းအလဲလုပ်မည်ဟု သီရိလင်္ကာ သမ္မတသစ် ကတိပြု

0
21
This handout photograph taken and released by the Sri Lanka President's Office on September 23, 2024 shows Sri Lanka's new President Anura Kumara Dissanayaka attending his swearing-in ceremony, in Colombo. - Sri Lanka's first leftist president was sworn in to office on September 23 vowing to restore public faith in politics but said he had no magic solution to the hardships suffered following an unprecedented economic crisis. (Photo by Sri Lanka President's Office / AFP)

သီရိလင်္ကာနိုင်ငံ၏ လက်ဝဲယိမ်းခေါင်းဆောင် အန်နူရာ ကူမာရာ ဒစ်စနေယာကေးသည် တနင်္လာနေ့တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး သြဇာကြီးနိုင်ငံရေး မိသားစုများက ကာလကြာရှည်ဦးဆောင်ခဲ့သည့် ကျွန်းနိုင်ငံကို အပြောင်းအလဲလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

သန်းနှင့်ချီသော သီရိလင်္ကာနိုင်ငံသားများသည် အကျင့်ဖျက်ခြစားမှုကို တိုက်ဖျက်မည်၊ စီးပွားရေး ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်မည်ဟူသော သူ၏ ကတိကဝတ်တို့ကို ယုံကြလျက် အတိုက်အခံလွှတ်တော်အမတ်ကို မဲပေးခဲ့ကြသည်။

ဒီမိုကရေစီကို လက်ကိုင်ပြု ကာကွယ်သွားမည်ဟု ကတိပြုပါကြောင်း သမ္မတရုံးတွင် ပြုလုပ်သည့် ကျမ်းသစ္စာ ကျိန်ဆိုခြင်းအခမ်းအနားတွင် အသက် ၅၅ နှစ်အရွယ် ရှိ ဒစ်စနေယာကေးက ပြောဆိုခဲ့ပြီး သူသည် ခက်ခဲသော အချိန်ကာလတွင် တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွနု်ပ်တို့ရဲ့ နိုင်ငံရေးက ပိုမိုသန့်ရှင်းဖို့ လိုအပ်သလို ပြည်သူတွေကလည်း မတူကွဲပြားတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို တောင်းဆိုနေကြပါတယ်၊ အဲဒီ အပြောင်းအလဲကို လုပ်ဆောင်ဖို့ ကျွန်တော်ကတော့ အသင့်ပါပဲ” ဟု သူက ပြောဆိုသည်။

သမ္မတရုံး အပြင်ဘက်တွင် ထောက်ခံသူ ဒါဇင်များစွာက သူ့ပုံပါသော ပိုစတာများ၊ သီရိလင်္ကာနိုင်ငံအလံများ ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြကာ သမ္မတသစ်၏ အတိုကိုကောက်အမည် AKD ကို အော်ဟစ်ခဲ့ကြသည်။ သူသည် ဝါရင့်နိုင်ငံရေးသမား ရာနေးလ် ဝစ်ကရီမီဆင်း ကို အစားထိုးတာဝန်ထမ်းဆောင်မည်ဖြစ်သည်။

လက်ရှိတွင် သူရင်ဆိုင်ရမည်ဖြစ်သော တာဝန်များမှာ အစိုးရအသစ်ဖွဲ့စည်းခြင်း၊ သူ့ပါတီက အမတ်နေရာ သုံးနေရာသာ ရှိထားသော အမတ်အရေအတွက်၂၂၅ နေရာရှိ လွှတ်တော် ခေါ်ယူခြင်းနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၏ ဒေါ်လာ ၂ ဒဿမ ၉ လီလျံ ထောက်ပံ့မှု စည်းမျဉ်းများအောက်မှ ဘတ်ဂျက်အတည်ပြုနိုင်ရေး ကိစ္စတို့ ပါဝင်သည်။

Ref: သည်ဒေးလီးစတား


LEAVE A REPLY

Please enter your comment!
Please enter your name here