ရုရှားနှင့်စစ်ပွဲ အဆုံးသတ်ခါနီးပြီ–ဇလန်းစကီး

0
34
Ukraine's President, Volodymyr Zelensky gestures as he delivers a speech on the opening day of the 50th edition of The European House-Ambrossetti forum, called "Intelligence on the World, Europe, and Italy" at Villa d'Este on lake Como in Cernobbio, northern Italy, on September 6, 2024. - The annual three-day event brings together senior figures in business and industry from both Italy and abroad, alongside diplomats and members of government. (Photo by Piero CRUCIATTI / AFP)

ဝါရှင်တန်၊စက်တင်ဘာ ၂၄

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးက ၎င်း၏နိုင်ငံသည် ရုရှားနှင့်စစ်ပွဲပြီးဆုံးရန် ပိုမိုနီးကပ်လာနေကာ ထင်ထားတာထက်ပို၍ ငြိမ်းချမ်းရေးနှင့်နီးစပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဇလန်းစကီးက အမေရိကနှင့်အခြားမဟာမိတ်များအနေဖြင့် ယူကရိန်းကိုဆက်လက်ထောက်ပံ့ပေးရန်ကိုလည်းတောင်းဆိုခဲ့သည်။ခိုင်မာသော ရပ်တည်ချက်ကသာ စစ်ပွဲကိုရပ်အောင် တွန်းအားပေးနိုင်လိမ့်မည်ဟုလည်းဆိုခဲ့သည်။

မော်စကိုက အထူးစစ်ဆင်ရေးဟုအမည်ပေးထားသည့် ရုရှား-ယူကရိန်းအရေးကြောင့် လူများသောင်းချီ ၍‌ေ-သဆုံးကာ ယူကရိန်း၏မြို့ကြီးအတော်များများလည်းပျက်စိးခဲ့သည်။

ဇလန်းစကီးသည် ကုလ သမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်ရန် အမေရိကသို့ရောက်ရှိနေခြင်းဖြစ်ပြီး မဟာမိတ်များအနေဖြင့် စစ်မှန်ပြီးတရားမျှတသောငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်မှသာ အောင်ပွဲကိုအတူတူခံစားနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဝါရှင်တန်အပါအဝင် မဟာမိတ်များသည် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ထားရာမှ ရရှိလာသည့် ဒေါ်လာဘီလျံပေါင်းများစွာကိုလည်း ယူကရိန်းသို့ ပံ့ပိုးပေးထားသေးသည်။ ရုရှားဘက်ကမူ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများကို ရုရှားလက်အပ်ပြီး နေတိုးအဖွဲ့ဝင်ဖြစ်ရေးရည်မှန်းချက်ကို စွန့်လွှတ်မှသာလျှင် ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည်ဟုပြောကြားခဲ့သည်။

သို့သော် ယူကရိန်းသမ္မတဇလန်းစကီးကလည်း ရုရှားတပ်များအားလုံး မိမိတို့ပိုင်နက်ထဲမှ ခြွင်းချက်မရှိဆုတ်ခွာပေးပြီး ဆိုဗီယက်ခေတ်လွန် နယ်နိမိတ်အတိုင်းသာ ပြန်လည်ထူထောင်ရေးကိုလုပ်ဆောင်နိုင်မည်ဟု ထပ်တလဲလဲဆိုခဲ့သည်။

Source : ရိုက်တာ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here