ရေဘေးသင့်ကျောင်းများကို အမြန်ဆုံးပြင်ဆင်၍ အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးမှာကြား

0
17

ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်စာသင်ကျောင်းများကို အမြန်ဆုံးပြင်ဆင်၍ အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသော ရေဘေးကြုံတွေ့ခဲ့ရသည့် နေပြည်တော်၊ တိုင်းနှင့်ပြည်နယ်အချို့ရှိ ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ရေးစခန်းများတွင်ရောက်ရှိနေပြီး နှစ်ဝက် စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အစားထိုးပြန်လည်ဖြေဆိုနိုင်ရေးအတွက်စီစဉ်ပေးရန်လည်း မှာကြားသည်။

ထို့ပြင် သောက်သုံးရေရရှိရေး၊ ကျောင်းဆောင်၊ စာသင်ခန်းများနှင့် သန့်စင်ခန်းများ သန့်ရှင်းရေး၊ နုန်းများဆေးကြောရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပညာရေး ဒု-ဝန်ကြီးဒေါက်တာဇော်မြင့် ၊ ဒု-ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းတို့က ရေဘေးသင့်ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here