ဒလနှင့် ပန်းဆိုးတန်းကူးပေးနေသည့် သင်္ဘော ခေါက်ရေ တိုးချဲ့ပြေးဆွဲ

0
7

ဒလနှင့် ပန်းဆိုးတန်း ပြေးဆွဲနေသည့် သင်္ဘောများကို စီးနင်းသူပြည်သူများ အဆင်ပြေစေရန်
ညပိုင်းအချိန်များတွင်ပါ ခေါက်ရေတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။

ယခင်ကမူ ဒလဆိပ်ကမ်းမှ နံနက် (၅)နာရီခွဲ၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် (၆) နာရီတွင် စတင်ကာ ပြေးဆွဲလျက်ရှိကာ ညနေဘက်တွင် ဒလဆိပ်ကမ်းမှ ည (၆)နာရီ (၄၀)မိနစ်နှင့် ပန်းဆိုးတန်းဆိပ်ကမ်းမှ ည (၇) နာရီ နောက်ဆုံးပြေးဆွဲပေးနေခြင်း ဖြစ်သည်။

“၂၃ ရက်ကစတာ၊ မိုးအရမ်းရွာတဲ့အချိန်တွေမှာ သမ္မာန်စီးပြန်ရတာ ကြောက်တော့ကြောက်တယ်၊ အခု (၈) နာရီအထိ သင်္ဘောရှိတော့ အဆင်ပြေတယ်” ဟု ပုံမှန်စီးနင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အထက်ပါ ဒလနှင့် ပန်းဆိုးတန်းကူးပေးနေသည့် သင်္ဘောခရီးစဉ်တွင် ချယ်ရီအမှတ်(၁)၊ (၂)၊ (၃) တို့ (၃)စီးအနက်မှ နှစ်စီးပြေး တစ်စီးနားပုံစံဖြင့် ပြေးဆွဲလျက်ရှိပြီး ည(၇)နာရီခွဲနှင့် ည(၈)နာရီအထိ ယခုအချိန်တွင် ခေါက်ရေ(၂)ခေါက် တိုးချဲ့ပြေးဆွဲပေးနေခြင်းဖြစ်သည်။

ဒလ-ပန်းဆိုးတန်း သင်္ဘောလက်မှတ်ခ ဈေးနှုန်းသည် သုံးရာကျပ်ဖြစ်ကာ ယခုအခါ ညပိုင်းအထိ ခေါက်ရေတိုးချဲ့ ပြေးဆွဲပေးလာခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here