ထိုင်းက အာရှနှင့်ဩစတြေးလျနိုင်ငံသားများ ဗီဇာကင်းလွတ်ခွင့်ရုတ်သိမ်း

0
101

ဘန်ကောက်၊စက်တင်ဘာ ၂၄

လာမည့်ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံအနေဖြင့် အာရှနိုင်ငံများအတွက် ဗီဇာကင်းလွတ်ခရီးသွားလာမှုကို ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး အိန္ဒိယ၊တရုတ်၊ဂျပန်၊ကိုရီးယား၊ဩစတြေးလျအပါအဝင် အာရှနိုင်ငံအတော်များများမှ ခရီးသွားများအနေဖြင့် ဗီဇာကင်းလွတ်ခွင့်မရှိတော့ကြောင်းသိရသည်။

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်မှုများ ကိုပိုမိုအားကောင်းလာစေရန် ပြုပြင်ပြောင်းလဲမှုများ ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့် ကို ရပ်နားလိုက်သည့်နိုင်ငံများမှ ဧည့်သည်များအနေဖြင့်လည်း ယခင်ကတည်းက ထိုင်းနိုင်ငံအတွင်းရှိနေသည့်တိုင် သတ်မှတ်ကာလရောက်ပါက စည်းမျဉ်းအသစ်နှင့်အကျုံးဝင်သည်ဟုသိရသည်။

အာရှနိုင်ငံများမှ ဗီဇာကင်းလွတ်ခွင့် ရပ်နားလိုက်သောနိုင်ငံများမှာ ဘူတန်၊ဘရူနိုင်း၊တရုတ်၊ဂျော်ဂျီယာ၊အိန္ဒိယ၊အင်ဒိုနီးရှား၊ဂျပန်၊လာအို၊မလေးရှား၊မော်ဒိုက်၊မွန်ဂိုလီးယား၊ဖိလစ်ပိုင်၊စင်္ကာပူ၊တောင်ကိုရီးယား၊သီရိလင်္ကာ၊ထိုင်ဝမ်၊ဩစတြေးလျ၊ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်တို့ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ဗီဇာကင်းလွတ်ခွင့်ကို ပြင်ဆင်သည့်အစီအစဉ်ကို ၂၀၂၄ ဒီဇင်ဘာ ၁ ရက်မှစတင်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန်လအထိ သတ်မှတ်ထားပြီး ကြားကာလအတွင်း ထိုင်းနိုင်ငံသို့ ခရီးသွားလာလို သူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့်အခမဲ့လျှောက်ထားနိုင်သည်ဟုလည်းသိရသည်။

အီလက်ထရောနစ်ဗီဇာလျှောက်ထားပါက တစ်ကြိမ်လျှင် ရက် ၆၀ နေထိုင်ခွင့်ရှိမည်ဖြစ်ကာ ထပ်တိုးနေထိုင်လိုပါက ရက် ၃၀ သက်တမ်းတိုးနေထိုင်နိုင်ကြောင်းသိရကာ ယခုကဲ့သို့ ပြုလုပ်ရခြင်းသည် နယ်စပ်လုံခြုံရေး ကို မြှင့်တင်ပြီး တရားမဝင်ဝင်ရောက်မှုကိုလျှော့ချလိုခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Source : Travel And Tour World


LEAVE A REPLY

Please enter your comment!
Please enter your name here