ယာယီပိတ်ထားရသည့် အ.ထ.က(ဆန်ဆိုင်း) အား အောက်တိုဘာ ၁ ရက်၌ပြန်ဖွင့်မည်

0
18

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် စံချိန်တင်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အခြေခံပညာကျောင်းအချို့အား ယာယီပိတ်ထားခဲ့ရသည်။

ထိုသို့ ယာယီပိတ်ထားခဲ့ရာမှ ရေများပြန်လည်ကျဆင်းသွားချိန်တွင် စာသင်ကျောင်းများအ တွင်း၌ ရွှံ့နွံများ၊ အမှိုက်သရိုက်များတင်ကျန်ရစ်မှုအပြင် ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သော စာသင်ကျောင်းများလည်းရှိသဖြင့် တာဝန်ရှိသူများ၊ ကျောင်းသားဟောင်းများ၊ လူမှုကူညီရေးအသင်းဝင်များက ယာဥ်၊ယန္တရားများဖြင့် ပြန်လည်ပြုပြင်မှုများနှင့်ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြသည်။

ပြုပြင်ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြသဖြင့် အ.ထ.က(ဆန်ဆိုင်း)အား အောက်တိုဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အ.လ.က(ခွဲ)(တာလော့)တွင် ပြုပြင်ရှင်း လင်းမှုများပြုလုပ်ရန်ကျန်ရှိနေခြင်းကြောင့် ယင်း ကျောင်းတွင်တက်ရောက်နေသည့် KG တန်းမှ Grade-3 တန်းအထိအား တာချီလိတ် မြို့ နယ်ဓမ္မာရုံ၊ Grade-4 တန်းမှ Grade-9 တန်းအထိအား အ.ထ.က(မကာဟိုခမ်း)တို့တွင် စက်တင်ဘာ ၃၀ ရက်မှစတင်၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းရှိခဲ့သည့်အနက် စာသင်ကျောင်း (၆)ကျောင်းအား စက်တင်ဘာ ၁၈ ရက်က ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here