နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ ကြံ့ခိုင်သန်စွမ်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ဓာတ် ထက်သန်ပြင်းပြမှုတို့လိုအပ်ဟု ကာချုပ် ပြောကြား

0
20

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ ကြံ့ခိုင်သန်စွမ်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ဓာတ် ထက်သန်ပြင်းပြမှုတို့လိုအပ်ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ စက်တင်ဘာ ၂၅ ရက်ညနေပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော်အားကစားကော်မတီတို့ကိုဖွဲ့စည်းပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အရည်အသွေးမြင့်တပ်မတော်သားအားကစားသမားများမွေးထုတ်ပေးလျက်ရှိသည်ဟု ပြောသည်။

အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကိုအောင်မြင်စွာမြှင့်တင်ပေးနိုင်၍ နိုင်ငံတော်၏လူသားအရင်းအမြစ်ကို တိုက်ရိုက်သက်ရောက်ဖွံ့ ဖြိုးတိုးတက်စေသော အဓိကအကြောင်းရင်းခံတစ်ရပ်ဖြစ်သည်ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ ကြံ့ခိုင်သန်စွမ်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ဓာတ် ထက်သန်ပြင်းပြမှုတို့လိုအပ်ကာ အချင်းချင်း စည်းစည်းလုံးလုံး၊ အပြန်အလှန်နားလည်မှုရှိသည့် အဖွဲ့အစည်းစိတ်ဓာတ်နှင့် စုပေါင်းဖေးကူဆောင်ရွက်နိုင်စွမ်းရှိရန်လည်း မဖြစ်မနေလိုအပ်သည်ဟု ပြောသည်။

ထို့ကြောင့် တပ်မတော်သားတပ်ဖွဲ့ဝင် အဆင့်အ တန်းတိုင်းသည် နိုင်ငံ့လိုအပ်ချက်အရ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာသည့် နိုင်ငံ့တာဝန်မှန်သမျှကို အပြည့်အဝဆုံးသော ခွန်အား၊ အထက်မြက်ဆုံးသော စွမ်းဆောင်ရည်များဖြင့် ကျေပွန်
အောင်မြင်အောင် ထမ်းဆောင်သွားရန် ပြောကြားခဲ့သည်ဟုသိရသည်။

တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ကရာတေးဒို၊ ပြေးခုန်ပစ်(ကျား/မ)၊ မြန်မာ့သိုင်း(ကျား/မ)၊ လက်ဝှေ့၊ ဘော်လီ ဘော(ကျား/မ)၊ ဂျူဒို(ကျား/မ)၊ ဂေါက်သီးရိုက်၊ ပိုက်ကျော်ခြင်းနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲ (၁၀)မျိုးဖြင့် အောက်တိုဘာ ၁၁ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here