ထိုင်းနိုင်ငံအတွင်း ၄ နိုင်ငံရွှေ့ပြောင်းလုပ်သားများအတွက် အချက်(၃)ချက်ပါ အလုပ်သမားရေးဆိုင်ရာ ယာယီ သဘော တူညီမှုရရှိ

0
35

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်ကြသော ‌မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံသားများအတွက် အချက်(၃)ချက်ပါ ရွှေ့ပြောင်း အလုပ်သမားရေးဆိုင်ရာ ယာယီ
သဘောတူညီချက်ကို ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်ကို ယမန်နေ့ စက်တင်ဘာ(၂၄)ရက်က ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ ထိုင်း အစိုးရအဖွဲ့ဝန်ကြီးများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အမှတ် (၂၄)အရ သဘောတူညီမှုရရှိခဲ့သည့်အပေါ် ယနေ့တွင် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)က ဘာသာပြန် မျှဝေအသိပေးထားခြင်းဖြစ်သည်။

သဘောတူညီချက်(၃)ချက်အနက် ပထမအချက်မှာ အထောက်အထားမဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံသားများအား အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့်ပြုပြီး၊ ၎င်းတို့နှင့်အတူပါလာသည့် အသက်(၁၈)နှစ်အောက် မှီခိုကလေ-းငယ်များကိုပါ တရားဝင်နေထိုင်ခွင့်ပြုရန် (ခြွင်းချက်အနေဖြင့် ဗီယက်နမ်နိုင်ငံသားများ အလုပ်လုပ်ကိုင်ခွင့်ရရှိရန်သက်ဆိုင်ရာနိုင်ငံကူးလက်မှတ်ရှိရမည်)ဖြစ် သည်။

ဒုတိယအချက်အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၁၃)ရက်တွင် ပါမစ်သက်တမ်းကုန်ဆုံးမည့် အဆိုပါ လေးနိုင်ငံ အလုပ်သမား အုပ်စုကို (MoU) စနစ်ဖြင့် တစ်ပေါင်းတည်း နေထိုင် အလုပ်လုပ်ကိုင်ခွင့်(၁)ကြိမ်ကို သက်တမ်း(၂)နှစ်နှုန်းဖြင့် (၂)ကြိမ် တိုးပေးရန်နှင့် အလုပ်ရှင်ပြောင်းလဲခြင်းအတွက် အချိန်ပေးသည့်ကာလက ယခင်(၁)လမှ ယခုအခါ (၂)လအထိ တိုးမြှင့်ပေးခြင်းဖြစ်သည်။

အလားတူ တတိယအချက်မှာရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ ပုဒ်မ(၆၄)အရ နယ်စပ်ဒေသများမှရာသီအလိုက် ရွှေ့ပြောင်းနေထိုင်အလုပ်လုပ်ကိုင်ကြသည့် လုပ်သားများ၏ အလုပ်လုပ်ခွင့်ကာလနှင့် အခြားထပ်တိုးတောင်းဆိုချက်များမအောင်မြင်ဘဲ ယခင်(၃)လတစ်ကြိမ် ဝင်
ရောက်လာသည့်နယ်စပ် အဝင်အထွက်နေရာမှသာဝင်ထွက်ကာ သက်တမ်းပုံမှန်ပြန်တိုးနိုင်မည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အထောက်အထားအသစ်မှတ်ပုံတင်
ခြင်းအတွက် ကုန်ကျစရိတ်အသေးစိတ်နှင့် စတင်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တို့ကို ယခုအစည်းအဝေးဆုံးဖြတ်ချက်အား ထိုင်းဘုရင့်
နန်းတော်မှ ခွင့်ပြုချက်ရပြီးနောက် ထုတ်ပြန်
သည့်အခါမှသာ သိရှိလုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု မှတ်ချက်ပြုထားသည်။

ယမန်နေ့ စက်တင်ဘာ (၂၄)ရက်က ထိုင်းနိုင်ငံ၊ အယုဒ္ဓခရိုင်၊ ဥထိုင်မြို့နယ်၊ နောင်နမ်းစုန့်ကျေးရွာရှိ ဆောက်လုပ်ရေးဆိုက်တစ်ခု၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား (၂၆၇) ဦးကို ထိုင်းအာဏာပိုင်းများက ဖမ်းဆီးခဲ့ပြီး၊ ယင်းအနက် အမျိုးသား (၂၁၂) ဦးနှင့် အမျိုးသမီး (၅၂) ဦးတို့ကိုအထောက်အထားမဲ့ လုပ်သားများအဖြစ် ဖမ်းဆီးအရေးယူထားသည်။

ပုံစာ-ယမန်နေ့က အယုဒ္ဓခရိုင်၊ ဥထိုင်မြို့နယ်၊ နောင်နမ်းစုန့်ကျေးရွာရှိ ဆောက်လုပ်ရေးဆိုက်တစ်ခုအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည့် မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here