ရေဘေးသင့်မွေးမြူရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၂၀၀၀ နှင့်တိရစ္ဆာန်အစာများလှူဒါန်း

0
32

ရေကြီးရေလျှံမှုကြောင့် တိရစ္ဆာန်များ‌ေ-သကြေပျောက်ဆုံးခဲ့ရသည့် ရေဘေးသင့်မွေးမြူရေးလုပ်ငန်းများအတွက် အလှူငွေ၊ တိရစ္ဆာန်အစာနှင့်တိရစ္ဆာန်ဆေးဝါးများလှူဒါန်းပွဲကို ယမန်နေ့ စက်တင်ဘာ ၂၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ငွေကျပ်သိန်း(၂၀၀၀)နှင့် ငွေကျပ်သိန်း(၈၀)တန်ဖိုးရှိ တိရစ္ဆာန်အစာများ လှူဒါန်းခဲ့သည်ဟု သိရသည်။

အလားတူ “မြန်မာဆန်းသီရိ”ကုမ္ပဏီမှ ငွေကျပ်သိန်း(၆၀၀)တန်ဖိုးရှိ တိရစ္ဆာန်ကုသဆေး(၁၈)မျိုး၊ ” Fortune International Limited ” မှ ငွေကျပ်(၃၈၇ ဒသမ ၈)သိန်း တန်ဖိုးရှိ တိရစ္ဆာန်ဆေးနှင့်ဆေးပစ္စည်းများကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလှူငွေများနှင့်ဆက်စပ်ပစ္စည်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဒု-ဝန်ကြီးဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here