ဘင်္ဂလားဒေ့ရှ်နှင့်တရုတ်ချစ်ကြည်ရင်းနှီးမှုဆက်လက်ထိန်းသိမ်းမည်–ဝမ်ယိ

0
18

ကုလသမဂ္ဂ၊စက်တင်ဘာ ၂၆

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းနိုင်ရန် လက်တွဲပူးပေါင်းဆောင်ရွက်ဖို့အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်ယိသည် ဘင်္ဂလားဒေ့ရှ်ယားယီအစိုးရခေါင်းဆောင် မိုဟာမတ်ယူနွတ်စ်နှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်တို့သည် အစဉ်အဆက် ချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြပြီး တရုတ်၏ BRI လမ်းမကြီးအတွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကိုခိုင်မာစေရန်လည်း မစ္စတာဝမ်ကတောင်းဆိုခဲ့သည်။

တရုတ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်၏လိုအပ်ချက်များဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၊ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စွမ်းအင်သစ်ကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေပြီး အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုများကို ပိုမို လုပ်ဆောင်ရန်အတွက် ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုများအတွက် အဆင်သင့်ရှိပါကြောင်းပြောကြားခဲ့သည်။

မစ္စတာယူနွတ်စ်ကလည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများမှသင်ယူရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အဆင်သင့်ရှိပါကြောင်းလည်း ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here