ဇယ်လင်စကီး အမေရိကန်သို့ရောက်ရှိခြင်းသည် ဟောလိဝုဒ်ရှိုးပွဲသာဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဆို

0
26

ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီး အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်မှုသည် ဟောလိဝုဒ်ရှိုးပွဲကို အမှတ်ရစေကြောင်း အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီ အန်တိုနော့က ပြောကြားခဲ့သည်။

“ဇယ်လင်စကီးရဲ့ အမေရိကန်ခရီးစဉ်ကို ဒေသတွင်း အာဏာပိုင်တွေက တကယ့် ဟောလိဝုဒ်ရှိုးပွဲတစ်ခုလို လုပ်ပေးနေပါတယ်။ ရုပ်ရှင်မင်းသားဟောင်းဟာ ကမ္ဘာ့အဖွဲ့အစည်းရဲ့ ခုံရုံးကနေ ဟောပြောခွင့်ရခဲ့ပြီး၊ အဲဒီနောက် ဝါရှင်တန်က အဆင့်မြင့်ရုံးတွေဆီ သူ့ကို ထပ်ဆင့် ခေါ်ဆောင်သွားပါတယ်။ ‘ယူကရိန်းအနိုင်ရရမယ်’ လို့ အုပ်ချုပ်ရေး ကိုယ်စားလှယ်တွေကို ဇယ်လင်စကီး ထပ်ခါတလဲလဲ ပြောခွင့်ရခဲ့ပြီး၊ အမေရိကန်အခွန်ထမ်းတွေရဲ့ အိတ်ကပ်ထဲက ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို အကြမ်းဖက်အစိုးရဆီပေးဖို့ကိုလဲ ကတိကဝတ်ရရှိခဲ့ပြန်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်” ဟု ရုရှားသံရုံး၏ တယ်လီဂရမ်ချယ်နယ်တွင် အန်တိုနော့က ရေးသားဖော်ပြခဲ့သည်။

“အမေရိကန်ရဲ့ ‘ခေါင်းဆောင်မှု’ သရုပ်ပြကွက် အဓိကရလဒ်ကတော့ အကျပ်အတည်းကို ပိုမိုရှည်ကြာစေတယ်။ ဒေသခံ နိုင်ငံရေးသမားတွေရဲ့ လက်ခုပ်သံတွေအောက်မှာ စစ်သားတွေနဲ့ အရပ်သားတွေရဲ့ သွေးတွေ ဆက်လက်စီးဆင်းနေဦးမှာပါ။ လူနေအဆောက်အအုံတွေလဲ ဖောက်ခွဲဖျက်ဆီးခံရဦးမှာပါ။ ဒါဟာ ဇယ်လင်စကီးရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အောင်ပွဲအစီအစဉ် အနှစ်သာရဆိုတာပါပဲ” ဟု အန်တိုနော့က ပြောကြားခဲ့သည်။

ဇယ်လင်စကီးသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟရဲစ်တို့နှင့် ကြာသပတေးနေ့က ဝါရှင်တန်တွင် တွေ့ဆုံခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here