ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် တက်လာနိုင်

0
47

ဂျပန်နိုင်ငံ၏ အာဏာရပါတီသည် ယနေ့(စက်တင်ဘာ ၂၇) တွင် ပါတီခေါင်းဆောင်သစ်ကို ရွေးချယ်သွားမည်ဖြစ်ပြီး အနိုင်ရသူသည် တိုင်းပြည်၏ နောက်ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

စံချိန်တင်အရေအတွက်ဖြစ်သော ကိုယ်စားလှယ်လောင်း ၉ ဦးအနက် ထိပ်ကပြေးနေသော ကိုယ်စားလှယ်သုံးဦးသည် သူတင်ကိုယ်တင် အကြိတ်အနယ်ဖြစ်နေခဲ့ပြီး နောက်ဆက်တွဲယှဉ်ပြိုင်ရနိုင်သည့် မဲရလဒ်ဖြင့် အဆုံးသတ်ဖွယ်ရှိသည်။

အနိုင်ရသူသည် ယန်းငွေအားပျော့ခြင်းနှင့် ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွားလာမှု နှင့် လူနေမှုစရိတ်များ မြင့်တက်လာမှု တို့နှင့်ရင်ဆိုင်နေရသည့်အချိန်ကာလတွင် ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အားကြီးနိုင်ငံကို ဦးဆောင်ရမည်ဖြစ်သကဲ့သို့ ဂျပန်သည် ဒေသတွင်း လုံခြုံရေး စိန်ခေါ်မှုများ မြင့်တက်လာခြင်း၊ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် သဘောကွဲလွဲခြင်းများ နှင့် လည်း ရင်ဆိုင်နေရသည်။

အရှုပ်တော်ပုံများနှင့် ရင်ဆိုင်နေရသော ကာလကြာရှည် အာဏာရ လစ်ဘရယ်ပါတီ(LDP) ကို ဦးဆောင်လာနိုင်သူများအဖြစ် ရေပန်းစားနေသူများထဲတွင် ကွန်ဆာဗေးတစ် စီးပွားရေး ဖူလုံရေးဝန်ကြီး ဆာနဲ တာကိုင်ချီသည် နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာနိုင်သည်။ ထို့အပြင် လူကြိုက်များနိုင်ငံရေးမျိုးဆက်မှ ဆင်းသက်လာသူဖြစ်သည့် ရှင်ဂျီရို ကိုအိဇုမိနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ရှင်ဂျီယူ အီရှီဘာသည်လည်း ထိပ်ပိုင်းရာထူးအတွက် ပဉ္စမနှင့် နောက်ဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့သည်။

ကွန်ဆာဗေးတစ် LDP ပါတီသည် ပါတီစတင်တည်ထောင်သည့် ၁၉၅၅ ခုနှစ်မှစကာ ဂျပန်နိုင်ငံကို ဆက်တိုက်နီးပါး အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။ LDP သည် အောက်လွှတ်တော်တွင် အမတ်နေရာအများစုရှိထားသောကြောင့် ပါတီက ရွေးချယ်လိုက်သည့် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းသည် အောက်တိုဘာ ၁ ရက်တွင် ကျင်းပမည့် ဂျပန်နိုင်ငံ၏ Diet လွှတ်တော်က အတည်ပြုပေးမည်ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အနိုင်ရ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းသည် ယင်းမတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုလုပ်ရန် ရွေးချယ်နိုင်ခွင့်ရှိသည်။ အဆိုပါ ရွေးကောက်ပွဲသည် နိုဝင်ဘာတွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီတွင် ဖြစ်နိုင်သည်ဟု အချို့သတင်းများက ခန့်မှန်းဖော်ပြသည်။

Ref: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here