Royal-D U19 Futsal Championship 2024 ပြိုင်ပွဲဝင်အသင်းများအရေအတွက် ပြည့်မီရန် (၅)သင်း သာလို

0
12

Royal-D U19 Futsal Championship 2024 ပြိုင်ပွဲဝင်ရောက်ရန် ပြိုင်ပွဲဝင်အသင်းများခေါ်ယူလျက်ရှိရာ သတ်မှတ်အသင်းအ‌ရေအတွက်ပြည့်မီရန် (၅)သင်း သာလိုကြောင်း မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်၊ ဖူဆယ်ကော်မတီထံမှ သိရသည်။

စက်တင်ဘာ (၂၆)ရက်အထိ ပြိုင်ပွဲဝင်ရန် စာရင်းလာ‌ရောက်ပေးသွင်းသည့် အသင်း (၂၇)သင်းရှိပြီဖြစ်ကာ သတ်မှတ်စည်းကမ်းချက်အရ (၃၂)သင်းကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်အသင်းစာရင်းပေးသွင်းခြင်းကို စက်တင်ဘာ (၃၀) ရက်အထိ နောက်ဆုံးသတ်မှတ်ထားသော်လည်း သတ်မှတ်ရက် မတိုင်မီ အသင်းအရေအတွက် (၃၂) သင်းပြည့်ပါက စာရင်းပေးသွင်းခြင်းကို လက်ခံတော့မည် မဟုတ်ကြောင်း ကော်မတီက အသိပေးထားသည်။

ပြိုင်ပွဲဝင်ရောက်လိုသော အသင်းများအနေဖြင့် အသင်းဝင်ကြေး ကျပ် (၂) သိန်းနှင့် Deposit ကျပ် (၁) သိန်းကို ပေးသွင်းရမည် ဖြစ်ကာ ပြိုင်ပွဲဝင် အသင်းများအနေဖြင့် ကစားသမားမှတ်ပုံတင်ရာတွင် အနည်းဆုံး (၁၄) ဦးမှ (၁၆) ဦးအထိ (ဂိုးသမားနှစ်ဦး မဖြစ်မနေပါဝင်ရမည်) စာရင်းပေးသွင်းနိုင်ပြီး အုပ်ချုပ်နည်းပြအဖွဲ့ မှတ်ပုံတင်ရာတွင် အနည်းဆုံး (၃ )ဦးမှ အများဆုံး (၆ )ဦးအထိ မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီအနေဖြင့် AYA Pay Futsal Championship 2024 ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ရာ ယခုလ စက်တင်ဘာ(၉) ရက်၌ ပြိုင်ပွဲပြီးဆုံးခဲ့ကာ ယင်းပြိုင်ပွဲအတွင်း MIU FC က ချန်ပီယံ ဆုကို ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here