နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ (၁၃)ရွာကို လျှပ်စစ်ဓါတ်အား ပြန်လည် ဖြန့်ဖြူးပေးနိုင်ပြီ

0
15

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာ (၁၃) ရွာကို လျှပ်စစ်ဓါတ်အား ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး သာဝတ္တိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ပြုပြင်ပြီးစီးခဲ့ရာ ဓါတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

နေပြည်တော် လယ်ဝေးမြို့နယ်၌ စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သောကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်မှု ကျေးရွာများတွင် ပါဝင်သည့် လက်ပတန်း၊ ကြို့ပင်သာ၊ သစ်ခေါက်ခွ၊ ကြို့တန်း၊ ဆီဆုံကုန်း၊ ပေါက်မြိုင်၊ ရေလဲပေါက်၊ ဘို့ကိုးလုံး၊ ရေနီလေး၊ မြောင်းမြ၊ အင်ပင်တဲစု၊ နှစ်ဆောင်မြိုင်နှင့် ညောင်ပင်အိုင်ကျေး ရွာများတွင် စက်တင်ဘာ (၁၂)ရက်မှ စတင်၍ ဓါတ်အားပြတ်တောက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဓါတ်အားပြတ်တောက်ခဲ့ရသည့် ကျေးရွာများကို စက်တင်ဘာ (၁၆)ရက်မှ စတင်၍
ဓါတ်အားပြန်လည် ပို့လွှတ်နိုင်ရေးအတွက် သာဝတ္တိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ (၂၆) ရက်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ(၁၃) ရွာကို လျှပ်စစ်ဓါတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများကိုလည်း ဓါတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေကြောင့် သာဝတ္တိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here