အိန္ဒိယ၌ ဟိန္ဒူရိုးရာပွဲတော်တစ်ခုတွင် လူ ၄၆ ဦးရေန-စ်‌ေ-သဆုံး

0
46
Flood-affected people along with their belongings, move to a safer place in a boat after rise in the water level of river Ganges following heavy rains, in Patna on September 23, 2024. (Photo by Sachin KUMAR / AFP)

ပတ္တနား၊စက်တင်ဘာ ၂၆

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ ဟိန္ဒူရိုးရာပွဲတော်တစ်ခုကျင်းပနေစဉ် ကလေ-းငယ် ၃၇ ဦးအပါအဝင် လူ ၄၆ ဦးထက်မနည်း ရေန-စ်‌ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရအရာရှိတစ်ဦးကစက်တင်ဘာ ၂၆ ရက်နေ့ကပြောကြားခဲ့သည်။

ဘီဟာပြည်နယ်တစ်ခွင်ရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ရိုးရာအရ မြစ်များနှင့်ကန်များတွင် ရေဆင်းချိုးစဉ် မကြာသေးမီကရေကြီးထားသဖြင့် သဘာဝအတိုင်းဖြစ်မနေသောကြောင့် ယခုကဲ့သို့ ရေနစ်‌ေ-သဆုံးမှုများရှိလာကြခြင်းလည်းဖြစ်သည်။

“အခုရိုးရာပွဲတော်ကိုကျင်းပတဲ့အချိန်မှာ မကြာသေးခင်ကမှရေကြီးထားလို့ အန္တရာယ်များနေတဲ့အချက်ကို လူတွေကလျစ်လျူရှုထားလိုက်ကြတာပါ” ဟုလည်း အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယခုရိုးရာပွဲတော်သည် ဘီဟာပြည်နယ်ရှိ ခရိုင် ၁၅ ခုတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်လေ့ရှိကြသည့် ပွဲတော်တစ်ခုဖြစ်ပြီး မိမိသားသမီးများဘေးကင်းစေရေးအတွက် ကန်များ၊မြစ်များအတွင်း ကလေ-းငယ်များကိုရေစင်ချိုးပေးကာ မိခင်များက ဥပုသ်သီတင်းဆောက်တည်ကြသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။

ဘီဟာပြည်နယ်အစိုးရကမူ ‌ေ-သဆုံးသူများ၏ မိသားစုဝင်များကို လျော်ကြေးငွေထုတ်ပေးမည်ဖြစ်ကြောင်းလည်း အစိုးရအရာရှိတစ်ဦးကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here