တရုတ်နျူရေငုပ်သင်္ဘော ဆောက်နေစဉ်နစ်မြုပ်–အမေရိကန်အရာရှိ

0
15

ပေကျင်း၊စက်တင်ဘာ ၂၇

ဂြိုဟ်တုဓါတ်ပုံများအရ တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ် နျူကလီးယား စွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောကို တည်ဆောက်ဆဲအချိန်မှာပင် နစ်မြုပ်သွားခဲ့ကြောင်း အမေရိကန် အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောတည်ဆောက်နေသည့် ဝူချန်သင်္ဘောကျင်းတွင် ကရိန်းများရှိနေသည်ကို ဇွန်လကဂြိုဟ်တုဓါတ်ပုံများမှတစ်ဆင့်မြင်တွေ့ခဲ့ရသဖြင့် တရုတ်နိုင်ငံ၏ ပထမဆုံး Zhou – class ရေငုပ်သင်္ဘောသည် မေလနှင့်ဇွန်လအတွင်းက နစ်မြုပ်သွားခြင်းဖြစ်မည်ဟုလည်းဆိုသည်။

သင်္ဘောအပိုင်းအစများကို ဆယ်ထုတ်ရန် ကရိန်းလိုအပ်သည့်အတွက် အဆိုပါကရိန်းများ ဓါတ်ပုံထဲတွင်ပါနေခြင်းဖြစ်ကြောင်း ရေငုပ်သင်္ဘောတည်ဆောက်ရာတွင် မအောင်မြင်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ရေတပ်သင်္ဘောများကို အရှိန်အဟုန်ဖြင့် တည်ဆောက်နေကာ တရုတ်၏ဒေသတွင်းအင်အား ကြီးမားလာမှုနှင့် လုံခြုံရေးစွမ်းရည်တိုးတက်လာမှုများက အမေရိက၏အနာဂတ်လုံခြုံရေးအတွက် စိုးရိမ်မှုတစ်ခုလည်းဖြစ်လာခဲ့သည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ ယခုထွက်ပေါ်နေသည့် ရေငုပ်သင်္ဘောကိစ္စသတင်းများနှင့်ပတ်သက်၍ ၎င်းတို့မသိကြောင်း ပြောသည်။ ယခုသတင်းကို Wall Street ဂျာနယ်က ပထမဆုံးစတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here