ဂျပန်ကာကွယ်ရေးတပ်ဖွဲ့သင်္ဘော ထိုင်ဝမ်ရေလက်ကြား၌ ပထမဆုံးအကြိမ်သွားလာခဲ့

0
22

တိုကျို၊စက်တင်ဘာ ၂၇

ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါ၏လမ်းညွှန်မှုဖြင့် ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေယာဉ်တစ်စင်း သည် ထိုင်ဝမ်ရေလက်ကြား၌ ပထမဆုံးအကြိမ်အဖြစ် ဖြတ်သန်းသွားလာခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များကပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဂျပန်ဖျက်သင်္ဘော ဆာဇနာမိသည် သြစတြေးလျနှင့်နူးဇီလန်မှ စစ်သင်္ဘောများနှင့်အတူ အရှေ့တရုတ်ပင်လယ်မှ တောင်ဘက်သို့ဦးတည်ကာ တရုတ်နှင့်ထိုင်ဝမ်ကြားရှိ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းခဲ့ကြောင်းသိရသည်။

အဆိုပါသင်္ဘောများသည် ဒေသတွင်း၌ ပေကျင်း၏ စစ်အင်အားပြသလာမှုကိုတန်ပြန်ရန် ရည်ရွယ်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် တောင်တရုတ်ပင်လယ်သို့ ဦးတည်သွားနေခြင်းဖြစ်နိုင်သည်ဟုယူဆကြသည်။

အစိုးရအတွင်းဝန်ချုပ် ယိုရှီမာဆာဟာယရှိကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆိုခဲ့ပြီး ယခုကိစ္စသည် ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးဆိုင်ရာကိစ္စသာဖြစ်သည်ဟုပြောကြားခဲ့ပြီး တိုကျိုအနေဖြင့် ပေကျင်းကို ရန်စလိုမှုမရှိဟုလည်းအစိုးရသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမူ ပေကျင်းသည် ဂျပန်သင်္ဘောဖြတ်သန်းမှုနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး အိမ်နီးချင်းနိုင်ငံတိုကျို၏လှုပ်ရှားမှုနှင့် နိုင်ငံရေး ရည်ရွယ်ချက်များကို အထူးသတိထားစောင့်ကြည့်နေကြောင်းလည်းပြောကြားခဲ့သည်။

Source : ကျိုဒို


LEAVE A REPLY

Please enter your comment!
Please enter your name here