မရမ်းကုန်းမြို့နယ် နှင့် ရန်ကင်းမြို့နယ်တွင် ယာယီဓာတ်အားပြတ်တောက်မည်

0
27

ယနေ့(စက်တင်ဘာ ၂၈) ရက်တွင် Underground Cable ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက် မရမ်းကုန်းမြို့နယ် နှင့် ရန်ကင်းမြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မရမ်းကုန်းမြို့နယ်၊ 66kV တောင်ကမ္ဘာအေး ဓာတ်အားခွဲရုံရှိ 66/11-6.6kV, 30MVA ထရန်စဖော်မာ အား အသစ်တည်ဆောက်ပြီးသည့် 66kV GIS ဖြင့် ပြောင်းလဲ ဓာတ်အားပို့လွှတ်နိုင်ရန် 66kV Underground Cable ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် 66kV စိန်ပန်းမြိုင်-တောင်ကမ္ဘာအေး ဓာတ်အားလိုင်းအား နံနက် ၁၀နာရီ မှ နေ့လည် ၂ နာရီအထိ အချိန်ပိုင်းယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း မရမ်းကုန်းမြို့နယ် နှင့် ရန်ကင်းမြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း နှင့် ဓာတ်အားပြတ် တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေး အတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here