ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်တွင် စက်တင်ဘာ(၂၈)ရက်မှ စတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ထပ်တိုး

0
33

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တွင် ယနေ့ စက်တင်ဘာ (၂၈)ရက်မှစတင်၍ လျှပ်စစ်မီးပြတ်တောက်ချိန် ထပ်တိုးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခင်ကဲ့သို့ တစ်ရက်လျှင် အုပ်စု (A)၊ အုပ်စု (B)ခွဲ၍ (၄)နာရီ၊ (၂)ကြိမ်ဖြင့် (၈)နာရီ လျှပ်စစ်ဓါတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ (၂၈)ရက်မှစတင်၍ အုပ်စု (A) ဓါတ်အားပိတ်ချိန် နံနက် (၅)နာရီမှ နံနက် (၉)နာရီမှ တစ်ကြိမ်၊ အုပ်စု (B) ဓါတ်အားပိတ်ချိန် နံနက် (၉)နာရီမှ နေ့လယ် (၁)နာရီမှ တစ်ကြိမ်၊ အုပ်စု (A) ဓါတ်အားပိတ်ချိန် နေ့လယ် (၁)နာရီမှ ညနေ(၅)နာရီမှ တစ်ကြိမ်၊ အုပ်စု (B) ဓါတ်အားပိတ်ချိန် ညနေ (၅)နာရီမှ ည (၉)နာရီမှ တစ်ကြိမ် အလှည့်ကျ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တွင် အလုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လှိူင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ကြည်မြင်တိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်(ဖျက်သိမ်း)တို့ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here