ရေဘေးကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို ရေတာရှည်မြို့တွင် ပြန်လည်ပြုလုပ်ပေးနေ

0
21

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရေဘေးသင့်ကျေးရွာမှ ပြည်သူများအတွက် ဆုံးရှုံးသွားသည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာနက ပြန်လည်ပြုလုပ်ပေးနေကြောင်း သိရသည်။

ယင်းသို့ပြုလုပ်ပေးခြင်းကို စက်တင်ဘာ (၂၆)ရက်နေ့မှ စတင်ခဲ့ပြီး ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများမှ အိမ်ထောင်စုစာရင်း (၂၅၀) ခု၊ နိုင်ငံသားကတ် (၃၆၀) ကတ်တို့အား ပြန်လည်ပြုလုပ်ပေးပြီးဖြစ်သည်။

ထို့အပြင် ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လူမှုဘဝပြည့်စုံစေရန်နှင့် ပြည်သူများအား အခက်အခဲမရှိစေရန်အတွက် ရေဘေးကြောင့်ဆုံးရှုံးသွားသည့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျန်ရှိသည့် ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here