အိန္ဒိယ၌ တတိယမြောက် မျောက်ကျောက်လူနာတွေ့

0
20

နူးဒေလီ၊စက်တင်ဘာ ၂၈

အိန္ဒိယနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်နေသူ လူနာတစ်ဦး ကိုထပ်မံတွေ့ရှိခဲ့ပြီး ယခုအခါ လူနာတွေ့ရှိသူစုစုပေါင်း ၃ ဦး အထိ ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။

အစိုးရပိုင် အသံလွှင့် မီဒီယာဖြစ်သော အောလ်အင်ဒီးယား ရေဒီယို၏ဖော်ပြချက်အရ ကီရာလာပြည်နယ်ရှိ အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးတွင် ရောဂါစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါပြည်နယ်၏ ဒုတိယမြောက်ကူးစက်မှုဖြစ်ကြောင်းလည်းသိရသည်။

ပြည်ပမှ အိန္ဒိယနိုင်ငံ ကိုချီမြို့သို့ပြန်လာသည့်အဆိုပါအမျိုးသားကို ဆေးကုသမှုခံယူရန် ပုဂ္ဂလိကဆေးရုံ၌တင်ထားခြင်းဖြစ်ပြီး ၎င်းကိုစစ်ဆေးသည့်ရလဒ်အရ မျောက်ကျောက်ရောဂါဟု အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကီရာလာ ပြည်နယ် ကျန်းမာရေးဝန်ကြီးက အရေးပေါ်အစည်းအဝေးခေါ်ကာ အဆိုပါအမျိုးသားနှင့်ထိတွေ့မှုရှိခဲ့သူတိုင်းကို စုံစမ်းရန်နှင့်ကူးစက်မှုကိုကြိုတင်ကာကွယ်နိုင် ရေး အတွက် ပြင်ဆင်မှုများလုပ်ဆောင်ရန်ညွှန်ကြားခဲ့သည်။

ပြည်ပမှပြန်ဝင်လာသူများအနေဖြင့်လည်း မိမိတို့၏ရောဂါကိုထိန်ချန်မထားဘဲ ပွင့်ပွင့်လင်းလင်းအစစ်ဆေးခံပြီး ကုသမှုခံယူရန်အရေးကြီးသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here