တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ဂရိကြိုဆို

0
31

အေသင်၊စက်တင်ဘာ ၂၇

တရုတ်နိုင်ငံအနေဖြင့် ဂရိနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို အကောင်အထည်ဖော်တော့မည်ဟုဆိုသဖြင့် ဂရိနိုင်ငံက ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

နူးယော့ခ်မြို့၌ကျင်းပခဲ့သည့် ကုလ သမဂ္ဂအထွေထွေညီလာခံပြင်ပ၌ ဂရိနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက တရုတ်အနေဖြင့် နှစ်နိုင်ငံပြည်သူများအကြား ယဉ်ကျေးမှုဖလှယ်ရေးကိုအားကပိုမို ခိုင်မာစေမည့် ဗီဇာကင်းလွတ်ခရီးသွားလာခွင့်ကို အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒါဟာသတင်းကောင်းပါပဲ၊တရုတ်နိုင်ငံအနေနဲ့ ဂရိနှင့်စီးပွားရေးဆက်ဆံမှုပိုမိုရရှိလာဖို့နဲ့ ပြည်သူတွေအချင်းချင်းကြား ယဉ်ကျေးမှုဖလှယ်ဖို့အခွင့်အလမ်းပိုများလာစေဖို့လုပ်ဆောင်တဲ့အရာတစ်ခုပါပဲ” ဟုလည်း အေသင်ဒုတိယမြို့တော်ဝန်ဟောင်း ဂရိ-တရုပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အသင်း ဂုဏ်ထူးဆောင် နာယက ကပြောကြားခဲ့သည်။

ယခုအစီအစဉ်သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှုအပြင် ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုဖလှယ်ရေးများတွင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းဖန်တီးပေးကာ ခရီးသွားလာရေးကို အဆင်ပြေ ချောမွေ့စေမည်မှာ သံသယ ဖြစ်စရာ မလိုကြောင်း ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here