ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ONE နှင့် စာချုပ်ချုပ်ဆိုမည်ဟု သတင်းထွက်

0
13

မြန်မာပြည်ဖွား ကယန်းလက်ဝှေ့မယ် ဘရော်နီကာအနေဖြင့် လာမည့်နှစ် ဇန်နဝါရီလအတွင်း ONE နှင့် စာချုပ်ချုပ်ဆိုသွားမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

ဘရော်နီကာအနေဖြင့် ယခုနှစ်အတွင်း Thai Fight ဖြင့် စာချုပ်ပြည့်မည်ဖြစ်သည့်အတွက် ONE ၏ ကမ်းလှမ်းချက်အရ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

စာချုပ်ကိစ္စနှင့်ပတ်သက်၍ ဘရော်နီကာအား ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်ပြီး၊ အနီးစပ်ဆုံး Official Source ၏ တိုက်ရိုက်ဖြေကြားချက်အရ ဘရော်နီကာ အနေဖြင့် ONE နှင့် လက်တွဲရန် လာမည့် ဇန်နဝါရီလအတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်ဟု စိုးနေ့သစ် အားကစား စာမျက်နှာတွင် ယနေ့ဖော်ပြထားသည်။

ဘရော်နီကာ၏ ပရိတ်သတ်များကလည်း Thai Fight နှင့် စာချုပ်ပြည့်ပါက သူမအား ONE ပွဲစဉ်များတွင် ယှဉ်ပြိုင်ထိုးသ-တ်စေရန် ဆန္ဒရှိနေကြသည်။

ပြိုင်ပွဲများနှင့် ကာလကြာကင်းကွာနေသည့် ဘရော်နီကာ သည် ပြီးခဲ့သည့် ဩဂုတ်လ (၄)ရက်၌ Thai Fight က ကျင်းပပြုလုပ်သည့် ပွဲစဉ်တစ်ခုတွင် အာဂျင်တီးနား ဖိုက်တာ Flor encia ကို အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ဘရော်နီကာအနေဖြင့် အမေရိကန်နိုင်ငံသို့ မထွက်ခွါခင်ရက်ပိုင်းအလို၌ ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်၊ ချင်းတိုင်းရင်းသားဖိုက်တာ တီယန်ထန်တို့နှင့် တွေ့ဆုံမည်ဆိုသည့်အကြောင်း ရေးသားမျှဝေရာမှတစ်ဆင့် ONE နှင့် လက်တွဲ၍ ပြိုင်ပွဲများပြုလုပ်တော့မည်ဆိုသည့် သတင်းများလည်း ပျံနှံ့ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here