အာရှ ယူ-၂၀ ခြေစစ်ပွဲ မြန်မာအသင်းအုပ်စု နောက်ဆုံပွဲစဥ်အဖြင့် တာ့ခ်မင်နစ္စတန်အသင်း ယှဉ်ပြိုင်ကစားမည်

0
18

အာရှ ယူ-၂၀ ခြေစစ်ပွဲ တတိယအကျော့ အုပ်စု နောက်ဆုံးပွဲစဉ်အနေဖြင့် မြန်မာနှင့် တာ့ခ်မင်နစ္စတန်အသင်းတို့ စက်တင်ဘာ (၂၉)ရက် ညနေ(၄)နာရီတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

၂၀၂၅ ယူ-၂၀ အာရှဖလားခြေစစ်ပွဲ၌ မြန်မာအသင်းအနေဖြင့် အုပ်စု(I)တွင် ကာဂျစ္စတန် ၊ ဂျပန်နှင့် တာ့ခ်မင်နစ္စတန်အသင်းတို့နှင့် တွေ့ဆုံနေကြခြင်းဖြစ်သည်။

မြန်မာ ယူ-၂၀အသင်းသည် စက်တင်ဘာ (၂၅)ရက်တွင်ကာ ဂျစ်စတန်အသင်းဖြင့် အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရာ (၂)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့်အပြင် အသင်းခေါင်းဆောင်နှင့် ဂိုးသမားတို့အား အနီကတ်ပြ၍ ထုတ်ပယ်ခံခဲ့ရသည့်အခြေအနေအထိ ဖြစ်ပွားခဲ့သည်။

အုပ်စု ဒုတိယအကျော့ပွဲစဥ်အဖြစ် စက်တင်ဘာ (၂၇)ရက်၌ ဂျပန်အသင်းနှင့် တွေ့ဆုံရာတွင် (၆)ဂိုးပြတ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပြီး ယခု အုပ်စုတွင်း နောက်ဆုံးပွဲစဉ်ဖြစ်သည့် တာ့ခ်မစ်နစ္စတန်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ၂၀၂၅ အာရှယူ-၂၀ ခြေစစ်ပွဲ အုပ်စု (I) တွင် အိမ်ရှင် ကာဂျစ်စတန်၊ ဂျပန်၊ တာ့ခ်မင်နစ္စတန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိကာ လက်ရှိတွင် နှစ်ပွဲရှုံနိမ့်ထားပြီး ပြိုင်ပွဲစည်းမျဥ်းအရ အုပ်စုပထမအသင်း (၁၀)သင်းနှင့် အကောင်းဆုံး ဒုတိယ (၅)သင်းတို့သည် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှယူ-၂၀ပြိုင် အတွက် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here