ရေဘေးသင့်ခဲ့သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ငန်းရှင်များက ဝင်ရောက်ရင်းနှီးမြှုပ်နှံပေးကြရန် နစကဥက္ကဋ္ဌ မေတ္တာရပ်ခံ

0
22

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်များအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်က နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် ရေဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးမြေများ၌လည်း သင့်လျော်သည့် သီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ရန်လိုအပ်သည်ဟု ဆိုသည်။

ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသကဲ့သို့ လုပ်ငန်းရှင်များက တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံပါက ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ပြောကြားသည်။

အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း ထိုသို့ ဆောင်ရွက်ပေးနိုင်ရေး စဉ်းစားပေးကြရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

ရေဘေးကြောင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ စာရင်းဇယားအရ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ တိရစ္ဆာန်‌ေ-သဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင် ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here