နီပေါရေကြီးမြေပြိုမှု၌ ‌ေ-သဆုံးသူ ၁၀၄ ဦးအထိရှိလာ

0
17
A general view shows houses submerged in flood waters after the Bagmati river overflowed during monsoon rains in Kathmandu on September 28, 2024. - Floods and landslides caused by heavy downpours in Nepal killed at least 10 people across the Himalayan country, with rescue teams searching for 18 missing, a disaster official said on September 28. (Photo by PRAKASH MATHEMA / AFP)

ခတ္တမန္ဒူ၊စက်တင်ဘာ ၂၉

နီပေါ နိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုကာ ရေကြီး သဖြင့် လူ ၁၀၄ ဦး ‌ေ-သဆုံးခဲ့ပြီး ၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရီရှိရမ်တီဝါရီ ကမူ လူပေါင်း ၆၉ ဦး ပျောက်ဆုံးနေကြောင်းသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ခတ္တမန္ဒူ၌ လူပေါင်း ၄၈ ဦး‌ေ-သဆုံးခြင်းသည် အ‌ေ-သ အပျောက် အများဆုံးဖြစ်သည်ဟုလည်းပြောကြားခဲ့ပြီး ၁၅ ဦးဒဏ်ရာရကာ ၂၁ ပျောက်ဆုံးနေသေးသည်ဟုဆိုသည်။ လူပေါင်း ၃,၀၀၀ ကျော်ကိုမူ လုံခြုံရေးတပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရသူများကို အစိုးရက အခမဲ့ကုသပေးမည်ဟုလည်းသိရသည်။

ဒဏ်ရာရရှိသူများနှင့်အိုးအိမ်ဆုံးရှုံးခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို တတ်နိုင်သမျှ စောစီးစွာ စတင်မည်ဖြစ်ကြောင်းသိရသည်။ 

နိုင်ငံ၏ နေရာအနှံ့အပြားရှိ အဝေးပြေးလမ်းများနှင့် တံတားအများအပြားလည်းပျက်စီးခဲ့ပြီး အဝေးပြေးလမ်းများကို ရှင်းလင်းရေးသည် အစိုးရ၏ ထိပ်တန်းဦးစားပေးဖြစ်သည်ဟုဆိုသည်။

နီပေါရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှမြို့များနှင့် မြို့တော်ခတ္တမန္ဒူတို့ကိုဆက်သွယ်ပေးသည့် အဝေးပြေးလမ်းများ အပါအဝင်လမ်းအားလုံးနီးပါးသည် သဘာဝဘေးအန္တရာယ်ကြောင့် ပိတ်ဆို့သွားခဲ့သည်။

နီပေါပညာရေး၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကမူ တနင်္လာနေ့မှစတင်၍ ကျောင်းများကို သုံးရက်ကြာပိတ်ထားပေးရန် ဒေသဆိုင်ရာအစိုးရများကို တိုက်တွန်းထားပြီး သတ်မှတ်ထားသည့် တက္ကသိုလ်အဆင့်စာမေးပွဲအားလုံးကို ရွှေ့ဆိုင်းရန်လည်းဆုံးဖြတ်ခဲ့ကြသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here